ကင်ဂျုံအန်းသည် Thongloun နှင့် တွေ့ဆုံ

CGTN, October 17, 2025
Size:

ဒေသစံတော်ချိန် ၇ ရက်နေ့က မြောက်ကိုရီးယားအလုပ်သမားပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မြောက်ကိုရီးယား အလုပ်သမား ပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့်မြောက်ခြင်းအခါသမယတွင်  မြောက်ကိုရီးယားသို့ အလည်အပတ်ရောက်ရှိနေသော လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ၊ လာအို သမ္မတ Thongloun နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

    ကင်ဂျုံအန်းက ယခုအကြိမ် ခရီးစဉ်သည် မြောက်ကိုးရီးယာ အလုပ်သမား ပါတီနှင့် ပြည်သူများ၏ လုပ်ငန်းများ အပေါ် လာအိုပါတီ၊ အစိုးရနှင့် ပြည်သူများမှ အပြည့်အဝ ထောက်ခံအားပေးမှုကို သရုပ်ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ Thongloun ကလည်း မြောက်ကိုရီးယားအလုပ်သမားပါတီ၊ အစိုးရနှင့် ပြည်သူများအား လာအိုပြည်သူ့ တော်လှန်ရေးပါတီ၊ အစိုးရနှင့် ပြည်သူများမှ နွေးထွေးစွာ ဆုမွန်ကောင်း တောင်းစကားကို တစ်ဆင့်ဖော်ပြခဲ့သည်။