
ဒေသစံတော်ချိန် အောက်တိုဘာလ ၁၀ ရက်နေ့က ဘန်ကောက်မြို့ ၌ ထိုင်းဘုရင် Maha Vajiralongkorn က ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးဆောင်ပေးရန်နှင့် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးကြရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
ထိုနေ့တွင် ဘုရင် Maha Vajiralongkorn က ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသစ် Zhang Jianwei ၏ ခန့်အပ်လွှာကို လက်ခံခဲ့ရာတွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းများဖြစ်ပြီး နှစ်နိုင်ငံပြည်သူများသည် ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်ကြကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်ဖက်ဆက်ဆံမှု၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန် ဆန္ဒရှိကြောင်း ပြေားကြားခဲ့သည်။