တရုတ်နိုင်ငံက နော်ဒစ်နိုင်ငံများနှင့် ကုန်သွယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ထိန်းသိမ်းထား

Xinhua, October 16, 2025
Size:

တရုတ်-ကာဇက်စတန် (လျန်ယွင်ဆိပ်ကမ်း) ကုန်စည်စီးဆင်းမှု ပူးပေါင်းဆောင်ရွက်ရေး အခြေစိုက်စခန်း အလုပ်များနေပုံအား ၂၀၁၅ ခုနှစ် မတ် ၁၀ ရက်က ဝေဟင်မှတစ်ဆင့်တွေ့ရစဉ် (ဆင်ဟွာ) 

မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံသည် နော်ဒစ်နိုင်ငံများနှင့်ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ထိန်းသိမ်းထားပြီး ကုန်သွယ်မှုပမာဏ တည်ငြိမ်စွာ ကြီးမားလာကာ နှစ်ဖက် အပြန်အလှန် ရင်းနှီးမြှုပ်နှံရေး တက်ကြွမှုမှာ လျော့နည်းသွားခြင်းမရှိဘဲ အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ခြင်းမှာလည်း ရပ်တန့်သွားခြင်းမရှိကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဥရောပဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဝမ်ယွီဖုန်က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထိုနေ့တွင် ကျင်းပသော အထူးသတင်းစာရှင်းလင်းပွဲ၌ တရုတ်-နော်ဒစ် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၊ တရုတ်နှင့် နော်ဒစ် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သက်ဆိုင်ရာ အခြေအနေများကို မိတ်ဆက်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် နော်ဒစ်နိုင်ငံ ၅ နိုင်ငံ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၃.၁၇ ဘီလီယံအထိ ရောက်ရှိခဲ့ရာ ယမန်နှစ် ကာလတူထက် ၈.၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ တရုတ်နှင့် နော်ဒစ်နိုင်ငံ ၅ နိုင်ငံ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၇.၉၆ ဘီလီယံအထိ ရောက်ရှိခဲ့ရာ ယမန်နှစ် ကာလတူထက် ၇.၁ ရာခိုင်နှုန်း တိုးတက်လာပြီး တိုးတက်နှုန်းမှာ ကာလတူ တရုတ်-ဥရောပ ကုန်သွယ်မှု၏ နှစ်ဆကျော်ရှိကြောင်း၊ ယင်းအနက် ဆေးဝါး၊ အထူးတိကျသောစက်ကိရိယာများသည် နော်ဒစ်နိုင်ငံများမှ တရုတ်သို့ တင်ပို့သည့် အဓိကကုန်ပစ္စည်းများဖြစ်ပြီး မော်တာလျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်များစသည့် တန်ဖိုးမြင့် ထုတ်ကုန်များ ပါဝင်မှု ပမာဏသည် တည်ငြိမ်စွာ မြင့်တက်လာကာ နှစ်ဖက်ကုန်သွယ်မှုဖွဲ့စည်းပုံကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေခဲ့ကြောင်း ဝမ်ယွီဖုန်က မိတ်ဆက်ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် နော်ဒစ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို စဉ်ဆက်မပြတ် မြှင့်တင်ခဲ့သည်။ လက်ရှိအချိန်အထိ နော်ဒစ်နိုင်ငံ ၅ နိုင်ငံက တရုတ်နိုင်ငံတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ရှိပြီး ယင်းအနက် ဆွီဒင်နှင့် ဒိန်းမတ် နှစ်နိုင်ငံ၏ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုသည် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရှိကာ ဥရောပနိုင်ငံများ၏ထိပ်တန်းအဆင့်တွင် ရပ်တည်လျက်ရှိသည်။ နော်ဒစ်နိုင်ငံ များ၏ ကုမ္ပဏီလုပ်ငန်းများသည် ယေဘုယျအားဖြင့် တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ်အကောင်းမြင်ကြပြီး တရုတ်နိုင်ငံ၏ အလွန်ကြီးမားသောဈေးကွက် အလားအလာကို အလေးထားရှုမြင်ကြသည်။
လျှပ်စစ်ကားနှင့် ဘက်ထရီထုတ်လုပ်မှုလုပ်ငန်းသည် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ရေပန်းစားမှုအသစ်ဖြစ်လာသည်။ “နော်ဒစ် ဒေသတွေက တရုတ်လျှပ်စစ်ကား၊ ဓာတ်အားထုတ်လုပ်တဲ့ဘက်ထရီ ကုမ္ပဏီလုပ်ငန်းတွေ ဥရောပထဲဝင်ရောက်ဖို့နဲ့ထုတ်လုပ်မှုနှင့်ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်ဖို့ အရေးပါတဲ့ ဈေးကွက်တစ်ခုဖြစ်လာတယ်လို့ ဆိုနိုင်တယ်” ဟု ဝမ်းယွီဖုန်က ပြောကြားခဲ့သည်။

တရုတ်နှင့် နော်ဒစ်နိုင်ငံများကြား ကုန်သွယ်စီးပွားမှု ဆက်ဆံရေးအရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရန်အတွက် ၇ ကြိမ်မြောက် တရုတ်-နော်ဒစ် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိတရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန့်မြို့တွင် ကျင်းပရန်စီစဉ်ထားပြီး “မဏ္ဍိုင် ဟူပေ၊ ကမ္ဘာကို စမတ်ကွင်းဆက်ဖြင့် ချိတ်ဆက်ခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ဖွင့်ပွဲ အခမ်းအနား ၁ ခု၊ အဓိကအခမ်းအနား ၅ ခုနှင့် အထူးအခမ်းအနား ၁၂ ခု ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းထောက်က သတင်းစာရှင်းလင်းပွဲမှ သိရှိခဲ့သည်။
ဤအခမ်းအနားတွင် အဓိကဧည့်သည်တော်နိုင်ငံအဖြစ် ပထမဆုံး သတ်မှတ်ကျင်းပမည်ဖြစ်ပြီး ဧည့်သည်တော်နိုင်ငံအဖြစ်ဒိန်းမတ်နိုင်ငံသည် ကုမ္ပဏီလုပ်ငန်းနှင့် အဖွဲ့အစည်း ဒါဇင်ချီ၍နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်ရန် စုစည်းမည်ဖြစ်ကာ ၂၄ ကြိမ်မြောက် တရုတ်-ဒိန်းမတ် ကုန်သွယ်စီးပွား ပူးတွဲဆောင်ရွက်ရေးကော်မတီအစည်းအဝေးကိုလည်း ဖိုရမ်ကာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ပြည်တွင်းပြည်ပနိုင်ငံ ၃၀ ကျော်၊ ပြည်နယ်၊ ဒေသနှင့် မြို့ ၈ ခု၊ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီလုပ်ငန်း ၅၀၀ အနက်မှ ၂၀၀ ကျော်တို့သည် ဟူပေပြည်နယ်သို့ လာရောက်၍ အခမ်းအနားတက်ရောက်ကြမည်ဖြစ်ကြောင်း ဟူပေပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန အကြီးအကဲ လုန်ရှောင်ဟုန်က မိတ်ဆက်ပြောကြားခဲ့သည်။
ဤဖိုရမ်သည် တရုတ်နိုင်ငံ ပထမဆုံးဖြစ်သလို လက်ရှိအချိန်ထိ တစ်ခုတည်းသော နော်ဒစ်နိုင်ငံများအား မျက်နှာမူသည့် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရေရှည်ထိရောက်ရေး ယန္တရားလည်းဖြစ်ကြောင်း၊ “တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု” ၏ အဓိက အခမ်းအနား အစီအစဉ်ဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနနှင့် ဟူပေပြည်နယ် ပြည်သူ့အစိုးရတို့ အတူတကွ ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း သိရသည်။