တရုတ်-ဥရောပသမဂ္ဂ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ကဏ္ဍသုံးရပ်ဖြင့် နက်ရှိုင်း ခိုင်မာလာစေရန် ကူညီပေးကြောင်း တရုတ် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ(CCPIT) ဖော်ပြ

CGTN, October 15, 2025
Size:

ယခုနှစ်သည် တရုတ်-ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်မြောက်သည့် နှစ်ဖြစ်သည်။ တရုတ်နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ Wang Guannanက CCPITသည် အဆင့်မြင့် စီးပွားကုန်သွယ်ရေး အပြန်အလှန် ဆက်ဆံမှုကို မြှင့်တင်ခြင်း၊ ဥရောပရှိ ပြပွဲများတွင် ပါဝင်သည့် ကုမ္ပဏီများကို ပံ့ပိုးပေးခြင်းနှင့် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း တည်ဆောက်ခြင်း စသော ကဏ္ဍသုံးရပ်ဖြင့် တရုတ်-ဥရောပသမဂ္ဂ စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်း ခိုင်မာလာစေရန် ကူညီပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။