
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၂၅ ခုနှစ် စတုတ္ထ အကြိမ်မြောက် အထွေထွေကောင်စီ အစည်းအဝေးကို အောက်တိုဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသည် WTO အဖွဲ့ဝင်များအား တစ်နေ့တခြား ဆိုးရွားလာသော ကုန်သွယ်မှု အခြေအနေ မငြိမ်မသက်ဖြစ်မှုကို ပူးပေါင်းပြီး ကိုင်တွယ်ဖြေရှင်းရန်နှင့် ဘက်ပေါင်းစုံကုန်သွယ်မှုစနစ်၏ အဓိကတန်ဖိုးများနှင့် အခြေခံမူများကို အတူတက ထိန်းသိမ်းကာကွယ်ရန် အလေးအနက် တောင်းဆိုထားပါသည်။