
စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ " ငယ်ရွယ်နုပျိုသော လန်ချန်း-မဲခေါင်၊ ဉာဏ်ပညာဖြင့် အနာဂတ်ကို ဖန်တီးကြပါစို့ " ဆိုသည့် ဆောင်ပုဒ်ဖြင့် ၂၀၂၅ခုနှစ် လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ်လုပ်ငန်းရှင်များ ဖလှယ်ရေးစခန်းကို ယူနန်ပြည်နယ် လီကျန်းမြို့တွင် ပြုလုပ်ခဲ့သည်။ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံ၆နိုင်ငံမှ လူငယ်လုပ်ငန်းရှင်အဖွဲ့အစည်းများ၏ တာဝန်ရှိသူများ နှင့် ကိုယ်စားလှယ်များ စုစုပေါင်း ၈၀ ကျော်တို့ တက်ရောက်ပြီး ဆန်းသစ်တီထွင်မှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ အခွင့်အလမ်းသစ်များကို အတူတကွဆွေးနွေးခဲ့ကြပါသည်။
ယခုအကြိမ် ကူးလူးဖလှယ်ရေးစခန်းတွင် "လန်ချန်း-မဲခေါင်နိုင်ငံများ လူငယ်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေး database နှင့် လုပ်ငန်းများ" တည်ဆောက်ရေးကို တရားဝင်စတင်ခဲ့သည်။ ယင်းကာလအတွင်း အဓိကအကြောင်းအရာဆွေးနွေးပွဲများ၊ ကုန်ထုတ်လုပ်မှုမိတ်ဆက်ခြင်းများနှင့် ထူးခြားချက်ပါရှိသော လုပ်ငန်းများကို လေ့လာခြင်း စသည့် လှုပ်ရှားမှုများစွာကို ပြုလုပ်ခဲ့သည်။ တက်ရောက်လာကြသော လူငယ်လုပ်ငန်းရှင်များသည် နည်းပညာဆန်းသစ်တီထွင်မှု၊ စိမ်းလန်းသော ဖွံ့ဖြိုးရေး၊ ခေတ်မီစိုက်ပျိုးရေးနှင့် ဉာဏ်ရည်တုထုတ်လုပ်မှုလုပ်ငန်း စသည့်နယ်ပယ်များတွင် လက်တွေ့ကျသော ချိတ်ဆက် ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ၂၀ ကျော် ရရှိခဲ့သည်ဟု သတင်းရရှိပါသည်။