နိုင်ငံခြားဆိုင်ရာ တရုတ်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်ပတ်လည်နေ့ကို အတူဂုဏ်ပြုကြ

CGTN, October 11, 2025
Size:

ယခုရက်များတွင် နိုင်ငံများစွာရှိ တရုတ်နိုင်ငံသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသည် အမျိုးသားနေ့ဧည့်ခံပွဲနှင့် တခြားသောလှုပ်ရှားမှုများကို ကျင်းပခဲ့ပြီး နိုင်ငံအသီးသီးမှ ချစ်ကြည်ရင်းနှီးသူများနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်ပတ်လည်နေ့ကို အတူဂုဏ်ပြုကြ၍ နှစ်ဖက်ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်လျက် ရှိကြပါသည်။

မလေးရှားနိုင်ငံရှိ ဒေသခံ နိုင်ငံရေး အကြီးအကဲများ၊ အလွှာပေါင်းစုံမှ ချစ်ကြည် ရင်းနှီးသူများ၊ မလေးရှားရှိ တရုတ်လုပ်ငန်းကုမ္ပဏီနှင့်ပညာတော်သင်ကိုယ်စားလှယ်များ ၁၀၀၀ကျော်သည် တရုတ်သံရုံးမှ ကျင်းပသော အမျိုးသားနေ့ ဧည့်ခံပွဲသို့ တက်ရောက် ခဲ့ကြပါသည်။

ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် Berne မြို့တော်၌ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခဲ့သည့် ၇၆နှစ်မြောက် နှင့် တရုတ်-ဆွစ်ဇာလန် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅နှစ်မြောက် ဧည့်ခံပွဲကို ကျင်းပခဲ့ပါသည်။


မော်လ်ဒိုက်၊ တူရကီ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အိုင်ယာလန် စသောနိုင်ငံများရှိ တရုတ် သံရုံးများ နှင့် နယူးယောက်၊ ဗန်ကူးဗား၊ ဂျိုဟန်နက်စ်ဘာဂ်၊ ဆစ်ဒနီ စတဲ့ တရုတ် ကောင်စစ်ဝန်ချုပ်ရုံးများသည် အမျိုးသားနေ့ဧည့်ခံပွဲကို အသီးသီးကျင်းပခဲ့ပါသည်။ ဧည့်သည်များက တရုတ်နိုင်ငံ၏ ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှု ကောင်းကျိုးရလဒ်များကို ချီးကျူးကြပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ပြုလုပ်သော အခန်းကဏ္ဍများကို နက်ရှိုင်းစွာ အသိအမှတ်ပြုခဲ့ကြပါသည်။