
အောက်တိုဘာလ ၁ရက်နေ့က ရှစ်ဆောင်ပဏ္ဏား လန်ချန်း-မဲခေါင်မြစ် နိုင်ငံတကာ ခရီးသွား ရေကြောင်းပို့ဆောင်ရေးကို စတင်ခဲ့ပါသည်။ ပထမဆုံးသင်္ဘောသည် နိုင်ငံတော် အဆင့် ရေကြောင်းပို့ဆောင်ရေးဆိပ်ကမ်းဖြစ်သည့် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ ကျင်ဟုန်မြို့ရှိ ကျင်ဟုန်ဆိပ်ကမ်းမှ ထွက်ခွာပြီး ကွမ်းလေ ဆိပ်ကမ်းကို ဖြတ်ကျော်ကာ လန်ချန်း-မဲခေါင်မြစ်တစ်လျှောက် ဖြတ်သန်းပြီး နောက်ဆုံးတွင် ထိုင်းနိုင်ငံ ချင်းစိန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါသည်။ နိုင်ငံ၆နိုင်ငံကို ဆက်သွယ် ထားသော ဤရွှေရောင်ရေလမ်းကြောင်းသည် ယဉ်ကျေးမှုနှင့်ခရီးသွား ပေါင်းစပ်သော နယ်ပယ်၌ ထိုးဖောက်အောင်မြင်မှုသစ်များ ရရှိနေပြီဟု ဖော်ပြထားပါသည်။
