ဒေသစံတော်ချိန် စက်တင်ဘာလ ၂၄ ရက်နေ့က ထိုင်းဝန်ကြီးချုပ် Anutin Chanwirakul သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Dusit နန်းတော်၌ ဘုရင် Maha Vajiralongkorn ရှေ့မှောက်၌ အစိုးရ အဖွဲ့သစ်ကို ဦးဆောင်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း၊ Proud Thai ပါတီ ခေါင်းဆောင် Anutin အား ယခုလ ၅ ရက်နေ့က အောက်လွှတ်တော် အထူးအစည်းအဝေးတွင် မဲအများစုဖြင့် ထိုင်းဝန်ကြီးချုပ် သစ် အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ၇ ရက်နေ့တွင် ထိုင်းဘုရင်က ခွင့်ပြုခဲ့ကြောင်း သိရ ပါသည်။