၅၇ကြိမ်မြောက် အာဆီယံအဖွဲ့ စီးပွားရေးဝန်ကြီးများအစည်းအဝေးတွင် ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ရန် ထပ်မံပြောကြား

CGTN, September 29, 2025
Size:

ဒေသစံတော်ချိန် စက်တင်ဘာလ ၂၃ရက်နေ့က ၅၇ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ ကျင်းပခဲ့ပါသည်။ ၂၄ရက်နေ့ ညပိုင်းတွင် ယင်းအစည်းအဝေးမှ ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ၌၊ တစ်ကမ္ဘာလုံး ကုန်သွယ်ရေး ပတ်ဝန်းကျင်သည် မရေရာ မသေချာမှုများ ရှိနေသော်လည်း ၂၀၂၄ခုနှစ် အာဆီယံ စီးပွားရေးသည် ၄.၈ ရာခိုင်နှုန်း တိုးများလာခဲ့ကြောင်း၊ ၂၀၂၅ခုနှစ်တွင် ၄.၂ ရာခိုင်နှုန်း တိုးများလာပြီး တစ်ကမ္ဘာလုံး၏ ပျမ်းမျှ တိုးတက်မှုနှုန်းထက် ပိုများလာမည်ဟု ခန့်မှန်း ရကြောင်း ဖော်ပြထားပါသည်။

 ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးပတ်ဝန်းကျင် မရေရာမသေချာမှုများ ဆက်တိုက် ရှိ နေသော အခြေအနေမျိုးတွင် အာဆီယံအဖွဲ့သည် စည်းမျဉ်းများကို အခြေခံသော ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ပြီး “ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)ကို ဘက်စုံအကောင်အထည်ဖော်ရန် မြှင့်တင်မည် ဖြစ်ကြောင်း ယင်းအစည်းအဝေးတွင် ထပ်မံ ပြောကြားခဲ့ပါသည်။