မြန်မာနိုင်ငံ၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

Xinhua, September 28, 2025
Size:

မြန်မာနိုင်ငံ၊ နေပြည်တော်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံ၊ နေပြည်တော်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာဖြစ်သည့် The Global New Light of Myanmar တွင် စက်တင်ဘာ ၁၄ ရက်က ဖော်ပြခဲ့သည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ရှေးဦးပြုစုခြင်းသည် ဆေးရုံမရောက်မီ အသက်ကယ်ကုသခြင်း (Pre Hospital Care) ၏ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်း (First Aid) ဖြင့် ကူညီပြုစုပေးပြီး ဆေးရုံကို ပို့ဆောင်ရာတွင် ဆေးရုံ၏ (Post Hospital Care) ကို များစွာအထောက်အကူဖြစ်ကြောင်း၊ လူနာများအတွက် ဒဏ်ရာအခြေအနေ ပိုမိုမဆိုးစေရန်နှင့် အသက်ရှင်သန်စေရန်လည်း အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အသင်းအဆင့်ဆင့် တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များအားလုံး ယခုထက်ပိုမိုပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးပြု လူမှုကရုဏာ လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားခဲ့သည်။