တရုတ်နိုင်ငံမှ အာဆီယံသို့ သွင်းကုန်ပို့ကုန်ပမာဏသည် ၁၈လ ဆက်တိုက်တိုးများလာ

CGTN, September 28, 2025
Size:

တရုတ်အကောက်ခွန်ဌာနချုပ်မှ ထုတ်ပြန်သော နောက်ဆုံးစာရင်းအရ ယခုနှစ် ပထမ ၈ လအတွင်း တရုတ်နိုင်ငံမှ အာဆီယံသို့ သွင်းကုန်ပို့ကုန်ပမာဏသည် ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၉.၇ ရာခိုင်နှုန်း တိုးများလာကြောင်း၊ အာဆီယံသည် တရုတ်နိုင်ငံ၏ ပထမအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နေရာတွင် ဆက်လက်တည်ရှိနေ ကြောင်း သတင်းရရှိပါသည်။

ယခုနှစ် ပထမ ၈ လအတွင်း တရုတ်နိုင်ငံမှ အာဆီယံသို့ သွင်းကုန်ပို့ကုန်ပမာဏသည် တရုတ်ငွေယွမ် ဘီလီယံ ၄၉၃၀ ရှိပြီး ၉.၇ ရာခိုင်နှုန်း တိုးများလာကြောင်း သိရပါသည်။

ယခုလ လလယ်ပိုင်းတွင် ၂၂ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်သည် 3.0 ဗားရှင်းသို့ တက်လှမ်းနေကြောင်း၊ ယင်းသည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များကို တစ်ဆင့်တိုး တိုးချဲ့ပြီး ဒေသတွင်း ထုတ်လုပ်ရေး နှင့် ထောက်ပံ့ရေး ကွင်းဆက်ကို နက်ရှိုင်းစွာ ပေါင်းစပ်မှုနှင့် စီးပွားရေး တပြေးညီ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။