စက်တင်ဘာလ ၂၁ ရက်နေ့တွင် ၈ ကြိမ်မြောက် ပိုးလမ်းမကြီး (တွန်ဟွမ်) နိုင်ငံတကာ ယဉ်ကျေးမှု ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကန်စု ပြည်နယ် တွန်ဟွမ် မြို့တွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တရုတ်စာပေနှင့် အနုပညာအသိုင်းအဝိုင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ Tie Ning သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဓိက မိန့်ခွန်း ပြောကြားခဲ့ပါသည်။ တွန်ဟွမ် နိုင်ငံတကာ ယဉ်ကျေးမှု ကုန်စည်ပြပွဲသည် ပြည်သူအချင်းချင်း ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများ ပိုမိုနက်ရှိုင်း လာစေရန်၊ ကျယ်ပြန့်သော သဘောတူညီမှုကို တည်ဆောက်ရန်၊ နိုင်ငံ အသီးသီးမှ ပြည်သူများအကြား အပြန်အလှန် သိရှိနားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှုကို မြှင့်တင်ရန်နှင့် လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရာတွင် ပိုမိုနက်ရှိုင်းသော ယဉ်ကျေးမှုစွမ်းအားကို ထည့်သွင်းပေးမည်ဖြစ်ကြောင်း တရုတ်နှင့် နိုင်ငံခြား ဧည့်သည်တော် များက ပြောကြားခဲ့သည်။