တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၆) နှစ်ပြည့်နှင့် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် ဂုဏ်ပြုခြင်း အထိမ်းအမှတ် အနုပညာ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပ

CGTN, September 26, 2025
Size:

စက်တင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၆) နှစ်ပြည့်နှင့် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်ပြည့် ဂုဏ်ပြုခြင်း အထိမ်းအမှတ် အနုပညာ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia အပါအဝင် တရုတ်သံရုံးမှ သံတမန်အရာရှိများ၊ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးဉီးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးဉီးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးဒေါက်တာ ချောချောစိန်၊ နိုင်ငံပေါင်းစုံမှ သံတမန်များနှင့် နယ်ပယ်ပေါင်းစုံမှ ကိုယ်စားလှယ်များ စုစုပေါင်း နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။


အဆိုပါပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ် ယဉ်ကျေးမှု၊ ရုပ်မြင်သံကြားနှင့် ခရီးသွားလာရေးဦးစီးဌာန၊ တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ ဝူအော်ပရာ အနုပညာသုတေသနအဖွဲ့ (ကျဲ့ကျန်း ဝူအော်ပရာအဖွဲ့) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ခဲ့သည်။

ဝူအော်ပရာ《吕布试马》  “လွီပု မြင်းကို စမ်းသပ်စီးနင်းခြင်း”၊

《天女散花》“နတ်သမီး ပန်းများဖြန့်ကြဲခြင်း” ၊《三岔口》 “လမ်းသုံးသွယ်”  ၊《三打白骨精》“အရိုးဖြူဘီလူးမအား သုံးကြိမ်ရိုက်နှက်နှိမ်နင်းခြင်း”  စသည့်အစီအစဉ်များသည် ဆန်းပြား လှသည့် တရုတ်ယဉ်ကျေးမှုများကို ပြသခဲ့ပြီး၊ ထိုဂီတအသံများ၏ တိကျလှပမှု၊ များပြားစုံလင်သည့် တောက်ပသောအက တင်ဆက်မှုများသည် ကြည့်ရူသူများ၏ စိတ်ကိုလှုပ်ရှားစေခဲ့သည်။ နှစ်ပေါင်း ၅၀၀ကျော် သမိုင်းကြောင်းရှိခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံတော် အဆင့် ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ပါသည်။ ဝူအော်ပရာ အနုပညာ သည် ယဉ်ကျေးမှု ကိန်းဝပ်လျက်၊  လူမျိုးရေး ခံစားချက်များကို သယ်ဆောင်ကာ၊ ယနေ့တိုင် တရုတ်နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင်လည်း လူသိများပြီး သြဇာလွှမ်းမိုးမှု အရှိန်အဟုန် တိုးမြင့်နေလျက် ရှိပါတယ်။


      ယဉ်ကျေးမှုများသည် အပြန်အလှန် ဖလှယ်ခြင်းအားဖြင့် ထွန်းကားလာပြီး အပြန်အလှန် သင်ယူလေ့လာမှုမှတဆင့် ပိုမိုစုံလင်သည့် အရည်အသွေး ရရှိလာသည်။

       မြန်မာအနုပညာရှင်များကလည်း ဂန္ထဝင်ဇာတ်ကြီး “ရာမယဏ” ဇာတ်တော်ကြီးမှ အစိတ်အပိုင်းနှစ်ခုဖြစ်သည့် “ရာမမင်းသား သမင်လိုက်ခန်း” နှင့် “သီတာမင်းသမီးက ဒဿဂီရိဘီလူး၏ အချစ်ကို ငြင်းပယ်ခြင်း” တို့ကို တင်ဆက်ပေးခဲ့ကြသည်။ ဂီတနှင့် အက အလှတရားများသည် မြန်မာနှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ ထူးခြားသည့် ယဉ်ကျေးမှုအသွင်အပြင်၊ လူမျိုး စရိုက် လက္ခဏာများကို ဖော်ပြပေးနိုင်ခဲ့သည်။ တရုတ်-မြန်မာ အနုပညာရှင် များ ပူးပေါင်းဖျော်ဖြေပွဲသည် အရွယ်အစားကြီးမား၍ အနုပညာ အဆင့်အတန်း မြင့်မားကာ လူမျိုးရေးဝိသေသနကို ထိရောက်စွာ ဖော်ပြခဲ့သည်။ ကမ္ဘာယဉ်ကျေးမှုများ အပြန်အလှန် ဆုံဆည်း၍ အချင်းချင်း တန်ဖိုးတိုးတက်စေသည့် အလှတရား အထိမ်းအမှတ် အဖြစ် ထပ်မံဖန်တီးပေးခဲ့သည်။

       ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၊ မြန်မာအမျိုးသား အနုပညာအထက်တန်းကျောင်း စသည့်အဖွဲ့အစည်းများကလည်း အဆိုပါပွဲကျင်းပရာ အမျိုးသားဇာတ်ရုံ(ရန်ကုန်)တွင် ရိုးရာ ယဉ်ကျေးမှု အမှတ်တရပြပွဲများကို ကျင်းပခဲ့သည်။ ပြပွဲ မတိုင်မီနှင့် ပြီးဆုံးသည့်နောက်တွင် ကြည့်ရှုသူများက၊ “你好!中国” “မင်္ဂလာပါ၊  တရုတ်နိုင်ငံ” စာအုပ်ကို လိုအပ်သလို ရယူကာ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ချည်ယှက်ခြယ်၊ အပ်ချုပ်၊ သကြားပုံဆွဲ၊ စက္ကူညှပ်၊ လက်ပန်းချီ၊ သနပ်ခါးစသည့် ရိုးရာအစဉ်အလာတို့ကို ကိုယ်တိုင်လက်တွေ့ လေ့လာခွင့် ရရှိခဲ့ကြသည်။