လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်အစည်းအဝေး ကျင်းပ

lmcchina.org, September 26, 2025
Size:

လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးသည် ၁၅ ရက်နေ့တွင် ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Wang Xiaohong သည် ဤနှစ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ် ထူထောင်ခြင်း ၁၀ နှစ်ပြည့်သောနှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သော ၁၀ နှစ်အတွင်း လန်မဲနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးဌာနများသည် လန်မဲပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတွင် ရရှိသောသဘောတူညီချက်များကို သေချာစွာ အကောင်အထည်ဖော်၍ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို လက်တွဲထိန်းသိမ်းပြီး ပူး‌ပေါင်းဆောင်ရွက်မှုရလဒ်များ ရရှိကာ ဒေသတွင်းနိုင်ငံအသီးသီးမှ ပြည်သူများကို အကျိုးပြုနိုင်ခဲ့ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် ပူး‌ပေါင်းပြီး ကမ္ဘာ့လုံခြုံးရေးအဆိုပြုချက်နှင့် ကမ္ဘာ့စီမံအုပ်ချုပ်ရေးအဆိုပြုချက်ကို ဖော်ဆောင်ရန်၊ ဒေသတွင်း လုံခြုံရေးစီမံခန့်ခွဲမှုလုပ်ငန်း ပိုမို ကောင်းမွန်ပြည့်စုံစေရန် ဆန္ဒရှိကြောင်း၊  လန်ချန်း-မဲခေါင် အထွေထွေ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ ထူထောင်ပြီး တရားဥပဒေစိုးမိုးရေး စွမ်းရည်မြှင့်တင်ပြီး တည်ငြိမ်အေးချမ်းသော၊ သာယာလှပသော၊ သင့်မြတ်ကောင်းမွန်သော လန်မဲမိသားစု ထူထောင်၍ လန်မဲ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်ခြင်းလုပ်ငန်းကို လက်တွေ့ကျကျ တိုးချဲ့လုပ်ဆောင်ရန် ထောက်ခံကြောင်း ဝန်ကြီး Wang Xiaohong က ပြောကြေားပါသည်။

လန်ချန်း-မဲခေါင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဤတစ်ကြိမ် အစည်းအဝေးမှ ရရှိသော သဘောတူညီချက်များကို တက်တက်ကြွကြွ အကောင်အထည်ဖော်ပြီး လန်ချန်း-မဲခေါင်ဒေသ တရားဥပဒေစိုးမိုးရေးလုပ်ငန်းကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်မည် ဖြစ်ကြောင်း  ပြောကြားပါသည်။