၂၀၂၅ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုဆိုင်ရာ ကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။
မျက်မှောက်အချိန်မှာ ဝန်ဆောင်မှုဆိုင်ရာ ကူးသန်းရောင်းဝယ်မှုများသည် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး တိုးတက်မှုဆိုင်ရာ အင်ဂျင်သစ် တစ်ခု ဖြစ်လာပါပြီ။ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၈၅ ခုတို့သည် ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပါဝင် ခင်းကျင်း ပြသကာ ကမ္ဘာ့ရှေ့ပြေး လုပ်ငန်းကုမ္ပဏီပေါင်း ၅၀၀ နီးပါးခန့် ပြပွဲတွင် ပါဝင်ပြီး ကောင်းကျိုးရလဒ်ပေါင်း ၉၀၀ ကျော်ကို ရရှိနိုင်ခဲ့ပါသည်။
သက်ဆိုင်ရာ စာရင်း အရ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုဆိုင်ရာ ကူးသန်းရောင်းဝယ်မှု စုစုပေါင်း ပမာဏမှာ ပထမဆုံးအကြိမ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံကို ကျော်လွန်ပြီး သမိုင်း စံချိန်သစ်ကို တင်နိုင်ကာ ကမ္ဘာ့ ဒုတိယ နေရာတွင် တည်ရှိခဲ့ပါသည်။
တရုတ်နိုင်ငံ၏ အတိုင်းအတာ အလွန် ကြီးမားသော စျေးကွက်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်သည့် အရေးကြီးသည့် အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။ ယခု တရုတ်နိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၅၇ ခုတို့၏ ပထမ၊ ဒုတိယ သို့မဟုတ် တတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်လာပြီ ဖြစ်ပြီး နိုင်ငံတကာမှာ ကုန်စည် ရောင်းဝယ်မှု ပမာဏ အများဆုံးသောနိုင်ငံနှင့် ဝန်ဆောင်မှုဆိုင်ရာ ကူးသန်းရောင်းဝယ်မှု ဒုတိယ အများဆုံးသော နိုင်ငံ ဖြစ်ပါသည်။
မကြာခင်က ကျင်းပပြီးစီးခဲ့သော ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ၊ ဝန်ဆောင်မှုဆိုင်ရာ ကုန်စည်ပြပွဲနှင့် နိုဝင်ဘာလတွင် ကျင်းပမည့် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ အပါအဝင် တရုတ်နိုင်ငံမှာ ကျင်းပသည့် နိုင်ငံတကာ ကုန်စည်ပြပွဲများသည် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု မှသာ လူအများ၏ ဘုံဆန္ဒ ဖြစ်ပြီး တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဝါဒသည် ရှေ့အလားအလာ ကင်းမဲ့ကြောင်းကို သက်သေပြနေပါသည်။ အထက်ပါ ကုန်စည်ပြပွဲများ မှတစ်ဆင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် တရုတ်နိုင်ငံ စီးပွားရေးတွင် ပိုမိုများပြားသော ဆန်းသစ်မှုတွေကို တွေ့မြင်ရုံသာမက ကမ္ဘာကြီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုကို အတူရှာကြံရန်နှင့် တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေးကို အတူ တည်ဆောက်ကြရန် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်ကိုလည်း ခံစားရပါသည်။ Morgan Asset Management Global Chairman Bai Bowen ပြောသလိုပင် "တရုတ်နိုင်ငံ နေရာတကာမှာ အခွင့်အလမ်းတွေ ရှိပြီး တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ကြောင်း" China Media Group၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။