စက်တင်ဘာလ ၂၀ ရက်နေ့အထိ တရုတ်-လာအို မီးရထားလမ်းတွင် ခရီးသည်တင် ရထားအစီး ရေ ၈၀,၀၀၀ ကျော်ဖြင့် ခရီးသည်ဦးရေ ၅၉ သန်းကျော်အား သယ်ယူ ပို့ဆောင်ပေးနိုင်ခဲ့သလို နိုင်ငံတကာ ဖြတ်သန်း ခရီးသည်ဦးရေ ၅၈၀,၀၀၀ ကျော်အား ဝန်ဆောင်မှု ပေးခဲ့သည်။ နိုင်ငံပေါင်း ၁၁၅ နိုင်ငံမှ ခရီးသည်များသည် တရုတ်-လာအို မီးရထားလိုင်းမှ တစ်ဆင့် လာအို နိုင်ငံ ဗီယင်ကျန်း၊ ယူနန်ပြည်နယ်နှင့် တရုတ်နိုင်ငံတစ်ဝန်း အလည်အပတ် သွားရောက် ခဲ့ကြပြီး လမ်းကြောင်းတလျှောက် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ခိုင်မာသော ပံ့ပိုးကူညီမှုများ ပံ့ပိုးပေးလျက်ရှိပါသည်။