တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှု၊ စီးပွားရေးနှင့် စက်မှုကွင်းဆက်များ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေကာ ဒေသတွင်းနိုင်ငံများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန်အကျိုးရှိစေမည့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးညိုစောက ၁၇ ရက်နေ့က နန်နင်းမြို့တွင် ပြောကြားခဲ့သည်။
ထိုနေ့က ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့ကို နန်နင်းမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးညိုစောက အမှာစကား ပြောကြားရာတွင် ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်သည် "ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တု နည်းပညာတို့ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပြီး ဆန်းသစ်တီထွင်မှုဖြင့် အနာဂတ်ကို ဦးဆောင်လမ်းပြခြင်း-တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်းမှ အခွင့် အလမ်းသစ်များဖြင့် ကံကြမ္မာတူ အသိုင်းအဝိုင်း တည်ဆောက်ခြင်းကို အထောက်အကူပြုစေရန်" ဖြစ်ပြီး ဒါဟာ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသော တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေမည်ကို အပြည့်အဝထင်ဟပ် စေကြောင်း ပြောကြားခဲ့သည်။