တရုတ်ဆန်းသစ်တီထွင်မှုစွမ်းအား၏ မြှင့်တင်ခြင်းသည် မည်သို့ ဖော်ဆောင်နိုင်ခဲ့သနည်း

CGTN, September 23, 2025
Size:

   သက်ဆိုင်ရာစာရင်းအရ တရုတ်နိုင်ငံမှာ ၅၃ စက္ကန့်တိုင်း စွမ်းအင်သစ် မော်တော်ကား တစ်စီးကို ထုတ်လုပ်နေပြီး တစ်နေ့အတွင်း မူပိုင်ခွင့် ထောင်ပေါင်းများစွာ ပေါ်ထွက် နေပါသည်။ ကမ္ဘာ့ ပညာမူပိုင်ခွင့်အဖွဲ့မှ မကြာခင်က ထုတ်ပြန်ခဲ့သော ၂၀၂၅ ခုနှစ် နိုင်ငံတကာ ဆန်းသစ်တီထွင်မှု ကိန်းညွှန်း အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ် ကမ္ဘာ့ ဆန်းသစ်တီထွင်မှု စွမ်းအား အရှိဆုံးသော စီးပွားရေးအုပ်စု ၁၀ ခု အနက် စာရင်း ဝင်ခဲ့ပါသည်။

  ကျွမ်းကျင်ပညာရှင်များက ယခုနှစ်များအတွင်း တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးကို ဆန်းသစ်တီထွင်မှုဖြင့် မြှင့်တင်ခြင်း မဟာဗျူဟာကို နက်ရှိုင်းစွာ ဖော်ဆောင်ပြီး စီးပွားရေး၊ သိပ္ပံနည်းပညာနှင့် လူရည်ချွန်စနစ် စသည့်နယ်ပယ်များကို တပြိုင်နက် တွန်းအားပေးခြင်းသည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုအတွက် စနစ်ဆိုင်ရာ အာမခံချက်ကို ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်က တရုတ်တစ်ပြည်လုံးမှာ သုတသန လေ့လာမှုနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၀ ပြည့်နှစ်ကထက် ၄၈ ရာခိုင်နှုန်း တိုးလာပြီး အီးယူနိုင်ငံများ၏ ပျမ်းမျှ အရည်အချင်းကို ကျော်လွန်ခဲ့ပြီ ဖြစ်ကာ သုတေသီ ဦးရေသည်လည်း ကမ္ဘာ့ ပထမဆုံး နေရာမှာ တည်ရှိနေကြောင်း၊ ယင်းတို့သည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးအတွက် တွန်းအားများကို အဆက်မပြတ် ဖြည့်သွင်းပေးနေကြောင်း သုံးသပ်ဖော်ပြခဲ့ကြပါသည်။

   မူပိုင်ခွင့်များ ရှိပြီးနောက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှာ မူပိုင်ခွင့်များကို လက်တွေ့ကျ အကောင်အထည်ဖော် အသုံးပြုခြင်းသည်လည်း လွန်စွာ အရေးကြီးတာ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် တရုတ်လုပ်ငန်းကုမ္ပဏီများ ပိုင်ဆိုင်ထားသော မူပိုင်ခွင့် ပမာဏသည် ၃.၇၂၇ သန်းကျော် ရှိပြီဖြစ်ပြီး ပြည်တွင်း မူပိုင်ခွင့် စုစုပေါင်း ပမာဏ၏ ၇၄.၄ ရာခိုင်နှုန်း ရှိပါသည်။ ကျွမ်းကျင်ပညာရှင်များက တရုတ်နိုင်ငံသည် ပညာ မူပိုင်ခွင့် ထိန်းသိမ်း ကာကွယ်ခြင်းကို အားဖြည့်ဆောင်ရွက်နေခြင်းကြောင့် ဆန်းသစ်တီထွင်ရေးဆိုင်ရာ အောင်မြင်မှု ရလဒ်များကို ကုန်ထုတ်လုပ်မှုတွင် အကောင်အထည်ဖော် အသုံးပြုခြင်းကို ထိရောက်စွာ မြှင့်တင် ပေးနေကြောင်း သုံးသပ်ဖော်ပြခဲ့ကြပါသည်။

  တရုတ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်ရေး တံခါးကြီးကို အဆက်မပြတ် ဖွင့်လှစ် ပေးနေပါသည်။ မကြာမီက ကျင်းပပြီးစီးခဲ့သော ၂၀၂၅ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုဆိုင်ရာ ကုန်စည်ပြပွဲတွင် "ဒစ်ဂျစ်တယ် စမတ်နည်းပညာ ဦးဆောင်ခြင်း" ဟူသော ဝေါဟာရသည် ဆောင်ပုဒ် ဝေါဟာရ ဖြစ်လာခဲ့သည်။ ကျင်းပနေဆဲ တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ ရှေ့ပြေးမှု အရှိဆုံးသော စမတ် လူတူစက်ရုပ်များနှင့် AIဖြေရှင်းရေး နည်းပညာများကို ပြသနေပါသည်။ လာမည့်လမှာ ကျင်းပမည့် ၂၀၂၅ တရုတ် နိုင်ငံတကာ ဒစ်ဂျစ်တယ်စီးပွားရေး ကုန်စည်ပြပွဲတွင်လည်း ဒစ်ဂျစ်တယ် စီးပွားရေးနယ်ပယ်ဆိုင်ရာ နောက်ဆုံးပေါ် အောင်မြင်မှုရလဒ်များကို ပြသမှာ ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဆန်းသီတီထွင်မှု ရလဒ်များသည် တရုတ်နိုင်ငံ၏ ပိုင်ဆိုင်မှုသာ မကဘဲ ကမ္ဘာကြီး၏ ပိုင်ဆိုင်မှုလည်း ဖြစ်ပါကြောင်း China Media Group၏ ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖော်ပြထားပါသည်။