ဝမ်ယိသည် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် Sun Chanthol နှင့် တွေ့ဆုံ

CGTN, September 23, 2025
Size:

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် စက်တင်ဘာလ ၁၆ ရက်နေ့က ပေကျင်းမြို့တွင် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် Sun Chanthol နှင့်  တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝမ်ယိက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ယခုနှစ် ဧပြီလတွင် ကမ္ဘောဒီးယားနိုင်ငံတွင် အောင်မြင်စွာ တရားဝင်ခရီးလှည့်လည်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာဒီးယားနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့၏မဟာဗျူဟာသဘောတူညီမှုကို လမ်းညွှန်ချက်အဖြစ်ထားပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပြီး စက်မှုဖွံ့ဖြိုးတိုးတက်ရေးစင်္ကြံနှင့် ငါးနှင့်ဆန်စင်္ကြံစီမံကိန်းကို ကောင်းမွန်စွာဆောင်ရွက်ကာ ပိုမိုများပြားသောလက်တွေ့ကျသည့် အောင်မြင်မှုများကိုဖန်တီးပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ 

Sun Chanthol က ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ အရည်အသွေးမြင့် Belt and Road တည်ဆောင်ရန် တရုတ်နိုင်ငံနှင့် ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ခေတ်သစ်တွင် အစဉ်တစိုက်ဖြစ်သော ကမ္ဘောဒီးယား-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို ဆက်တိုက် မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။