ဟန်ကျင့်သည် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

CGTN, September 22, 2025
Size:

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျင့်သည် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တရုတ် နိုင်ငံ ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တွင် ကျင်းပသော ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားပါသည်။

ဒုတိယသမ္မတ ဟန်ကျင့်က တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေးသည် တရုတ်-အာဆီယံ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်မှုကို တွန်းအားပေးသည့် အခမ်းအနား ဖြစ်သည့်အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင့်တင်ရန် အရေးကြီး သော ဖလက်ဖောင်းလည်း ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့အား ယင်းပလက်ဖောင်းကို ကောင်းမွန်ပြည့်စုံစွာ အသုံးပြုပြီး အခွင့်အလမ်းများကို မျှဝေခံစားကာ အနာဂတ်ကို အတူတကွမြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးညိုစော၊ လာအိုနိုင်ငံဒုတိယသမ္မတ Bounthong Chitmany၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကက်ဘိနက်ရုံးဥက္ကဋ္ဌ Vongsey Vissoth ၊ မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စွမ်းအင်နှင့် ရေနှင့် ပတ်သက်သည့် ဝန်ဆောင်မှု အသွင်ကူးပြောင်းရေးဝန်ကြီးဌာန ဝန်ကြီး Fadillah နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mai Van Chinh အပါအဝင် နိုင်ငံခြားခေါင်းဆောင်များ၊ အဆင့်မြင့်အရာရှိများနှင့် အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကင်ဟွန် တို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြ ပါသည်။