၂၀၂၅ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုကုန်သွယ်ရေး ကုန်စည်ပြပွဲ၏ ကုန်သွယ် ရေး ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို စက်တင်ဘာလ ၁၁ ရက်နေ့က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ ဖိုရမ်၏ ဆောင်ပုဒ်မှာ“စနစ်တကျ တံခါးဖွင့်မှု - ဝန်ဆောင်မှုကုန်သွယ်ရေး၏ ဖွံ့ဖြိုးတိုးတက်မှု အနေအထား အသစ်-ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွန်းအားအသစ်ကို ဦးဆောင် ခြင်း” ဖြစ်ပါသည်။ ဖိုရမ်တွင် ၂၀၂၄ ခုနှစ် တရုတ်ဝန်ဆောင်မှု ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။
ရှုပ်ထွေးတင်းမာသော ပြည်တွင်းပြည်ပအခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း တရုတ်နိုင်ငံသည် အဆင့်မြင့်မားသော ပြည်ပနိုင်ငံများအတွက် တံခါးဖွင့်မှုကို ဆက်တိုက် တွန်းအားပေးပြီး ၂၀၂၄ခုနှစ်က ဝန်ဆောင်မှု ကုန်သွယ်ရေး အတိုင်းအတာ သမိုင်းစံချိန်သစ် တင်ခဲ့ကာ နိုင်ငံခြားကုန်သွယ်ရေး အတိုင်းအတာ တည်ငြိမ်စေခြင်း၊ ဖွဲ့စည်းပုံ ပိုမို ကောင်းမွန် ပြည့်စုံစေခြင်း၊ စီးပွားရေးပြန်လည်ဦးမော့လာစေရန် အထောက်အကူပြုခြင်းတို့အတွက် အပြုသဘောဆောင်စွာ အကျိုးပြု စွမ်းဆောင်ခဲ့ကြောင်း ၄င်းအစီရင်ခံစာတွင် ဖော်ပြထား ပါသည်။