၁၃ ကြိမ်မြောက် လန်ချန်း-မဲခေါင်နိုင်ငံများ ယဥ်ကျေးမှုအနုပညာပွဲတော် စတင်ကျင်းပတော့မည်

lmcchina.org, September 19, 2025
Size:

၁၃ ကြိမ်မြောက် လန်ချန်း-မဲခေါင်နိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၅ ရက်က ကူမင်းမြို့တွင် ကျင်းပခဲ့သည်။ ၁၃ ကြိမ်မြောက် လန်ချန်း-မဲခေါင်နိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော်ကို အောက်တိုဘာလ ၁ ရက်မှ ၃ ရက်အထိ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ကျင်းပမည်။ ဖွင့်ပွဲအခမ်းအနားတွင် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသရှိနိုင်ငံများမှ ယဥ်ကျေးမှုအဖွဲ့များသည် တစ်စုတစ်စည်းတည်း ကပြဖျော်ဖြေကြမည်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် လက်ရွေးစင် ယဉ်ကျေးမှုအနုပညာလက်ရာ ဖျော်ဖြေပွဲနှစ်ပွဲ၊ အနုပညာပြပွဲသုံးပွဲနှင့် နှီးနှောဖလှယ်ပွဲသုံးပွဲ ကျင်းပမည်ဖြစ်သည်။

တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူသော ရှေ့တန်းပြတင်းပေါက်အနေဖြင့် ရှစ်ဆောင်ပဏ္ဏားသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသရှိနိုင်ငံများနှင့် ကူးလူးဆက်ဆံမှု များပြားသည်။ ၁၉၉၂ ခုနှစ်က ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲနှင့် ထိုင်းနိုင်ငံ ချင်းရိုင်းပြည်နယ်တို့၏ပူးတွဲအဆိုပြုချက်အရ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့၏နယ်စပ်မြို့များတွင် “နယ်စပ်ဒေသ ယဥ်ကျေးမှုအနုပညာပွဲတော်”ကို အလှည့်ကျ ကျင်းပပြီး ၂၀၁၁ ခုနှစ်က “လန်ချန်း-မဲခေါင်နိုင်ငံများ ယဥ်ကျေးမှုအနုပညာပွဲတော်”အဖြစ် တရားဝင်အဆင့်မြှင့်တင်ခဲ့ရာ ယခုအချိန်အထိ ၁၂ ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။