အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း- နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက တရုတ်နိုင်ငံမှာ "တာဝေး ပြေးသူ လုပ်ချင်တယ်"လို့ ပြောခဲ့ကြ

CGTN, September 18, 2025
Size:


   မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ ၂၅ ကြိမ်မြာက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု ညှိနှိုင်း ဆွေးနွေးပွဲမှာ Unilever ကုမ္ပဏီမှ ဒုတိယ ဒါရိုက်တာချုပ် ကျင်စီဝင်က "တရုတ် စားသုံးသူများက ဆန်းသစ် ပြောင်းလဲမှုများကို လိုလားကြတယ်၊ ဒါနဲ့ ကျွန်တော် တို့က တရုတ်နိုင်ငံမှာ မာရသွန် ပြေးပွဲ လက်ရွေးစင် လုပ်ချင်တယ်"လို့ China Media Groupမှ သတင်းထောက်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

  နိုင်ငံနဲ့ဒေသ ၁၂၃ ခုမှ အစိုးရ အဖွဲ့အစည်းနဲ့ လုပ်ငန်းကုမ္ပဏီများအဖွဲ့ ၁၁၀၀ ကျော်တို့က စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဒီအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲကို တက်ရောက် ခဲ့ကြပြီး အမျိုးမျိုးသော ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းစဉ် ၁၁၅၄ ခုကို စာချုပ် ချုပ်ဆို ခဲ့ကြကာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏဟာ ယွမ် ၆၄၄ ဘီလီယံ ရှိပါတယ်။ တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု ညှိနှိုင်း ဆွေးနွေးပွဲဟာ ကမ္ဘာ့နိုင်ငံအသီးသီးက တရုတ် နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာကြံဖို့ အရေးကြီးတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်လာပါပြီ။

 နိုင်ငံခြား လုပ်ငန်းရှင်များက တရုတ်နိုင်ငံမှာ "မာရသွန် ပြေးပွဲ လက်ရွေးစင်" အဖြစ် ဘယ် လို လုပ်ကြမလဲ။

  တရုတ်စျေးကွက်များဟာ "မာရသွန် ပြေးသူများ"ရဲ့ ပထမဦးစွာ ရွေးချယ်ဖွယ်ရာ ရည်မှန်းချက် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ အတိုင်းအတာ လွန်စွာ ကြီးမားတဲ့ စျေးကွက်များဟာ အသွင်ကူးပြောင်း၊ အဆင့် မြှင့်တင်နေပြီး အားကောင်းတဲ့ အလား အလာကို ပေါ်လွင်လာနေပါတယ်။

ပိုမို ဝေးလံအောင် ပြေးချင်ရင် ဆန်းသစ်မှုများကို အဆက်မပြတ် ပြုလုပ်ရမယ်။ ပြီးခဲ့တဲ့ နှစ်များအတွင်း နိုင်ငံခြားလုပ်ငန်းရှင်များဟာ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို အားဖြည့် နေခဲ့ကာ တရုတ်ပြည်တွင်း ကုမ္ပဏီများနဲ့ ပူးပေါင်း ရောစပ် ထားတဲ့ ဆန်းသစ်သော အခြေအနေ တစ်မျိုး ဖြစ်တည်လာပါပြီ။

   "တာဝေးပြေးသူ" လုပ်ချင်ရင် အမြော်အမြင် ရှိရမယ်။ ဒီအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲမှာ နိုင်ငံခြား ကုမ္ပဏီများမှ အကြီးအကဲတွေ အများဆုံး ပြောနေကြတဲ့ ဝေါဟာရ တစ်ခုကတော့ "သေချာရေရာမှု" ပဲ ဖြစ်ပါတယ်။ သူတို့က တရုတ်နိုင်ငံက တံခါးဖွင့်ရေးကို ဆက်တိုက် တိုးချဲ့နေခြင်းဟာ သူတို့ရဲ့ ကုမ္ပဏီများအတွက် "သေချာရေရာမှု" များ ထည့်သွင်း ဆောင်ကြဉ်း ပေးနေပါတယ်လို့ အသီးသီး ဖော်ပြခဲ့ကြပါတယ်။

  ပိုမိုများပြားသော အခွင့်အလမ်းများဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် တံခါး ဖွင့်လှစ် ပေးနေပါတယ်။ အခုလောလောဆယ်မှာ ၂၀၂၅ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုဆိုင်ရာ ကုန်စည်ပြပွဲကို ပေကျင်းမှာ ကြီးကျယ်စွာ ကျင်းပနေပါတယ်။ အဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကိုလည်း မကြာခင်မှာ ရှန်ဟိုင်း မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများမှ အကြီးအကဲများ ပြောသလိုပဲ တရုတ်စျေးကွက်များဟာ သူတို့ရဲ့ "ကာယလေ့ကျင့်ခန်း" ဖြစ်လာပါပြီ။ ဒီနေရာမှာ ကောင်းကောင်း ဖွံ့ဖြိုး တိုးတက်နိုင်ပြီး ယှဉ်ပြိုင်စွမ်းအား မြှင့်တင်နိုင်ကာ ပြီးတော့ ပိုမို ဝေးလံအောင် ချီတက်နိုင်မှာ ဖြစ်ကြောင်း China Media Group ၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။