တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ BRICS နိုင်ငံ ခေါင်းဆောင်များ အွန်လိုင်း ထိပ်သီး အစည်းအဝေးတွင် ပြောကြားခဲ့သည့် မိန့်ခွန်း တွင် BRICSပူးပေါင်းဆောင်ရွက်မှုနှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း လက်တွဲ တည်ဆောက်ရေးနှင့် ပတ်သက်၍ အကြံပြု ချက် ၃ချက်ကို အလေးထား ဖော်ပြခဲ့ပါသည်။ ယင်းအချက် ၃ ချက်မှာ ဘက်ပေါင်းစုံ ဝါဒ စွဲကိုင်ထားပြီး နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ရန်၊ တံခါးဖွင့်မှုနှင့် အပြန် အလှန် အကျိုးရှိစေရေးကို စွဲကိုင်ထားပြီး နိုင်ငံတကာ စီးပွားကုန်သွယ်ရေး စည်းစနစ်ကို ထိန်းသိမ်းကာကွယ်ရန်နှင့် စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို စွဲကိုင်ထား ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်းအင်အားများကို စုစည်းရန် ဖြစ်သည်။ အစည်း အဝေးသို့ တက်ရောက်ခဲ့ကြသော ထိပ်သီးခေါင်းဆောင်များက BRICSနိုင်ငံများသည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး အကျပ်အတည်းနှင့် စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် ဖော်ပြထားသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အဆိုပြုချက်သည် သက်ဆိုင်ရာ ပြဿနာ၏ အဓိက သော့ချက် ကို ဆုပ်ကိုင်ထားခြင်း ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး ကောင်းမွန်ပြည့်စုံစေရန် ဦးတည်ချက်နှင့် လမ်းကြောင်းကို ညွှန်ပြပေးခြင်း ဖြစ်ကြောင်းလည်း ယူဆကြသည်။
BRICS ပူးပေါင်းဆောင်ရွက်မှု ရင်းနှီးလေလေ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ယုံကြည်မှု ပြည့်ဝလေလေနှင့် နည်းလမ်း များပြားလေလေ ဖြစ်ကာ အကျိုးဖြစ်ထွန်းမှုလည်း ပိုမို ကောင်းမွန်လေလေ ဖြစ်သည်။ သမ္မတ ရှီကျင့်ဖိန်၏ ပြောကြားချက်သည် BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်ပြီး ပြင်ပမှ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ယုံကြည်မှုကို အား ကောင်းစွာ တိုးမြှင့်ပေးနေသည်။
တစ်ဖက်သတ် ဝါဒနှင့် ဗိုလ်ကျမှု အာဏာ၏ အနိုင်ကျင့်မှုကို ရင်ဆိုင်ရာတွင် BRICS နိုင်ငံများ အနေနှင့် အတူတကွ ရပ်တည်ပြီး ကုလသမဂ္ဂအား အမြုတေ အဖြစ် ထားသည့် နိုင်ငံတကာ စနစ်နှင့် နိုင်ငံတကာ ဥပဒေအား အခြေခံ အဖြစ် ထားသည့် နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းကာကွယ်ကာ ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောဆိုပိုင်ခွင့်ကို တိုးမြှင့်၍ ဘက်ပေါင်းစုံ ဝါဒ၏ အခြေခံ အုတ်မြစ်ကို ခိုင်မာစေရန် ကြိုးပမ်း ဆောင်ရွက်သင့်သည်။ သမ္မတ ရှီကျင့်ဖိန် ဖော်ပြသော ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲရေး အဆိုပြုချက်သည် ပိုမို တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံး ဆိုင်ရာ စီမံ ခန့်ခွဲရေး စနစ် တည်ဆောက်ရေးနှင့် နိုင်ငံတကာ တရားမျှတမှု ထိန်းသိမ်းကာကွယ်ရေး အတွက် ပံ့ပိုးပေးသည့် နည်းလမ်းသစ် ဖြစ်သည်။
အနာဂတ်ကို ရှေးရှုပြီး BRICS နိုင်ငံများ အနေနှင့် တာဝန်သိမှု ရှိပြီး အပြန်အလှန် စောင့်ကြည့် ကူညီကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အဆိုပြုချက်ကို အတူတကွ လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်လျှင် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှု၏ စိန်ခေါ်မှု များကို ခံနိုင်ရည် ရှိပြီး ငြိမ်းချမ်းသော BRICS၊ ဆန်းသစ်တီထွင်သောBRICS၊ မြစိမ်းရောင် BRICS ၊ တရားမျှတသော BRICSနှင့် လူမှုယဉ်ကျေးမှုရှိသော BRICS ရည်မှန်းချက်များသို့ ခြေလှမ်း မှန်မှန်ဖြင့် ချီတက်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို ကြီးမားသော “BRICS အင်အား”များကို ဖော်ဆောင်ပေးလိမ့်မည်။