တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၁၆ နှစ်ဆက်တိုက် ရပ်တည်

CGTN, September 17, 2025
Size:

တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၁၆ နှစ်ဆက်တိုက် ရှိနေခဲ့ပြီး အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ၅ နှစ်ဆက်တိုက် ရပ်တည် ခဲ့ကြောင်း စက်တင်ဘာလ ၈ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ သတင်း ပြန်ကြားရေးရုံးက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် အာဆီယံ ငါးနိုင်ငံ ဖြစ်သည့် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် စင်ကာပူတို့  အကြား အပြန်အလှန် ကုန်သွယ်မှု ပမာဏမှာ  အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ အသီးသီး ကျော်လွန်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ အာဆီယံနှင့် တရုတ် နိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ  အမေရိကန်ဒေါ်လာ ၅၉၇ ဘီလီယံအထိ ရှိပြီး အရင်နှစ် အလားတူ အချိန်ပိုင်းကထက် ၈.၂ ရာခိုင်နှုန်း တိုးလာကာ  ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အတွင်း တရုတ် နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု ပမာဏ၏ ၁၆.၇ ရာခိုင်နှုန်း ရှိသည်။