၂၂ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ကွမ်ရှီး နန်နင်းတွင် ကျင်းပမည်

CGTN, September 16, 2025
Size:

စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ သတင်း ပြန်ကြား ရေးရုံး၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ သက် ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင် အုပ် ချုပ်ရေး ဒေသ နန်နင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ “ဒီဂျစ်တယ်စမတ်နည်းပညာ ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပြီး တီထွင် ဆန်း သစ်မှုဖြင့် အနာဂတ်ကို ဦးဆောင်ခြင်း ၊ တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ် ရေးဇုန် ဗားရှင်း 3.0 ဆောင်ကျဉ်းလာသော အခွင့်အလမ်းသစ်ဖြင့် ကံကြမ္မာတူ အသိုက် အဝန်း တည်ဆောက်ရန် အထောက်အကူပြုခြင်း”ဖြစ်ကြောင်း၊ နိုင်ငံ ၄၅ နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီ ၃၂၀၀ ခန့်သည် ယခုအကြိမ်ကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသကြမည် ဖြစ်ကြောင်း၊ ဉာဏ်ရည်တု အထူးပြခန်း၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား အထူးပြခန်း၊ အပြာရောင် စီးပွားရေးနှင့် နိုင်ငံခြားကုန်သွယ်မှု အရည်အသွေးကောင်းထွက်ကုန်များစသည့် ပြခန်းများကို အသစ် ထားရှိမည် ဖြစ်ကြောင်း၊ ပြပွဲကျင်းပရာနေရာ၏ စုစုပေါင်းဧရိယာ အကျယ် အဝန်းမှာ စတုရန်းမီတာ ၁သိန်း၆သောင်းခန့် ရှိကြောင်း ပြောကြားခဲ့ပါသည်။