ထိုင်းဘုရင်က Anutin Charnvirakul ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြု

CGTN, September 15, 2025
Size:


 ထိုင်းနိုင်ငံ အောက်လွှတ်တော် အတွင်းရေးမှူးချုပ် Apa Sukarnam က ထိုင်းဘုရင် Maha Vajiralongkorn သည် Anutin Charnvirakul ကို ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ရန် အတည်ပြုပြီဖြစ်ကြောင်း ၇ ရက်နေ့တွင် ကြေညာခဲ့သည်။

 Anutin သည် ထိုနေ့က BHUMJAITHAI ပါတီ ဌာနချုပ်တွင် ဘုရင်၏ခန့်အပ်မှုကို လက်ခံပြီးနောက် မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်သူ့ပါတီနှင့် ချုပ်ဆိုထားသည့် သဘောတူညီချက်ကို လိုက်နာကာ ၄ လအတွင်း အောက်လွှတ်တော်ကို ဖျက်သိမ်းမည်ဟု ကတိပြုခဲ့သည်။

 ၅ ရက်နေ့တွင် ထိုင်းပါလီမန် အောက်လွှတ်တော်က BHUMJAITHAI ပါတီခေါင်းဆောင် Anutin Charnvirakul အား ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ရန် မဲခွဲဆုံး ဖြတ်ခဲ့သည်။ လက်ရှိတွင် Anutin သည် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ပါလီမန် အောက်လွှတ်တော်ရွေးကောက်ပွဲနောက်ပိုင်း တတိယမြောက် ဝန်ကြီးချုပ်လည်း ဖြစ်သည်။