၂၅ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံရေးနှင့် ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ရှမင်တွင် ဖွင့်လှစ်

CGTN, September 15, 2025
Size:

 ယခုလ ၈ရက်နေ့က ၂၅ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံရေးနှင့် ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ရှမင်တွင် ဖွင့်လှစ်လိုက်ကြောင်း၊ ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ “တရုတ်နိုင်ငံနှင့် လက်တွဲပြီး အနာဂတ်ကို ရင်းနှီးမြှုပ်နှံရန်” ဟူ၍ ဖြစ်ကြောင်း၊ ကုန်စည်ပြပွဲတွင် “တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံရေး”၊ “တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု”၊ “နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု” စသည့် ခေါင်းစဉ် ၃ခုဖြင့် ပြခန်းနေရာများကို ထားရှိပြီး စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ စတုရန်း မီတာ ၁သိန်း၂သောင်း ရှိကြောင်း၊ ကုန်စည်ပြပွဲ ကျင်းပစဉ် အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး လှုပ်ရှားမှု ၁၀၀ကျော်ကို ကျင်းပမည် ဖြစ်ပြီး “တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံရေး” ဆိုင်ရာ အထင်ကရ ကုန်စည်ပြပွဲနှင့် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး အတွက် အရေးကြီးသော ဝန်ဆောင်မှု ပလက်ဖောင်း ဖန်တီးရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲသည် နိုင်ငံနှင့် ဒေသ ၁၂၀ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၁၁ခုမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင် တက်ရောက်ရန်၊  နိုင်ငံနှင့် ဒေသ ၅၁ခုကို ပြခန်းနေရာများ ထားရှိရန် ဆွဲဆောင်ခဲ့ကြောင်း သတင်းရရှိသည်။