တရုတ်-လာအို-ထိုင်းရထားလမ်းတစ်လျှောက် ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းကို တွန်းအားပေးသောအစေည်းအဝေးကို မကြာခင်က ၎င်းရထားလမ်းဖြတ်ကျော်သော အရေးကြီးဒေသ ဖြစ်သော ထိုင်းနိုင်ငံ ခုံကျင်မြို့တွင် ကျင်းပခဲ့သည်။ တရုတ်၊ ထိုင်း၊ လာအို၊ မလေးရှား စသောနိုင်ငံများမှ ကိုယ်စားလှယ် ၃၀၀ နီးပါး ၎င်းအစည်းအဝေးသို့ ပါဝင်တက်ရောက်ကြသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်-လာအိုရထားလမ်းကို စတင်အသုံးပြုပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တရုတ်-လာအို-ထိုင်းရထားလမ်းကို စတင်အသုံးပြုလာသည်။ နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ပြီးနောက် တရုတ်၊ လာအို၊ ထိုင်းသုံးနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ရထားပို့ဆောက်ရေးပြုရန် အခြေခံအုတ်မြစ် ချလိုက်ပြီဖြစ်သည်။ တရုတ်-ထိုင်းရထားလမ်း တည်ဆောက်ခြင်း၊ တရုတ်-ထိုင်းရထားလမ်းနှင့် တရုတ်-လာအိုရထားလမ်း တစ်ဆက်တည်း ဖြစ်အောင် ချိတ်ဆက်ခြင်း၊ နိုင်ငံဖြတ်ကျော်ရထား အကြိမ်ရေတိုးမြှင့်ခြင်း၊ ရထားလမ်းတစ်လျှောက် ကုန်သွယ်ရေး ပိုလွယ်ကူစေခြင်း၊ တရုတ်-လာအိုရထားလမ်း၊ တရုတ်-ထိုင်းရထားလမ်းကို အခြေခံ၍ “လန်မဲအမြန်လိုင်း”နှင့် “တရုတ်-လာအိုရထားလမ်း+တရုတ်-ဥရောပရထားလမ်း” စသော ပို့ဆောင်ရေးပုံစံ ထူထောင်ခြင်း၊ တွယ်ကျယ်မှု ရှိပြီး ကုန်ကျစရိတ် နည်းပြီး ဝန်ဆောင်မှု ကောင်းသော နိုင်ငံတကာ ပို့ဆောင်ရေးလမ်းကြောင်းသစ် ထူထောင်ခြင်းလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ရန် အစည်းအဝေးသို့ ပါဝင်တက်ရောက်သူတွေ အကြံပေးသည်။