ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု ကမ်းလှမ်းချက်များသည် တရုတ်နိုင်ငံ၏ တာဝန်ထမ်းဆောင် မှုကို ထင်ရှားစွာပြသ

CGTN, September 12, 2025
Size:

စက်တင်ဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် “ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့+”အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု ကမ်းလှမ်း ချက်များကို ပထမဆုံးအကြိမ်တင်သွင်းခဲ့ပြီးနိုင်ငံတကာအလွှာပေါင်စုံက အလွန်အာရုံစိုက် ခဲ့ကြပါသည်။

ယခုအကြိမ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထျန်းကျင်းထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်သည်အချုပ်အခြာ အာဏာ တန်းတူညီမျှမှုကို ကျင့်သုံးခြင်း၊ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးကို လိုက်နာခြင်း၊ နိုင်ငံစုံဝါဒကိုလက်တွေ့ဖော်ဆောင်ခြင်း၊ ပြည်သူလူထုကို အမြုတေအဖြစ် ထားရှိခြင်း၊ လုပ်ဆောင်မှုကို ဦးတည်ခြင်း  စသည့် အချက်များကို အလေးထား ဖော်ပြခဲ့ပါသည်။

  ကမ္ဘာပေါ်တွင် အကြီးဆုံး ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအနေနှင့် ရှန်းဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့သည် ပြီးခဲ့သည့် ၂၄ နှစ်တာကာလအတွင်း ရှန်းဟိုင်းစိတ်ဓာတ်ကို အစဉ်တစိုက် လက်တွေ့ဆောင်ရွက်ပြီး နိုင်ငံတကာဆက်ဆံမှုအသစ်တည်ဆောက်ရေးနှင့် လူသားကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေး မြှင့်တင်ရာ၌ အပြုသဘော ဆောင်စွာစူးစမ်းလေ့လာပြီး အောင်မြင်မှုအတွေ့အကြုံများကို စုးစည်းလာခဲ့သည်။

ယခုအကြိမ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထျန်းကျင်းထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က SCO သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်း ရန်အတွက် "SCO အင်အား" ကို စွမ်းဆောင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ တံခါးဖွင့်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် "SCO တာဝန်" ကို ပြသရန်၊ လူသားတစ်ရပ်လုံး၏ဘုံတန်ဖိုးများကို မြှင့်တင်ရန်အတွက် "SCO စံနမူနာ" ကို စိုက်ထူရန်နှင့် နိုင်ငံတကာ တရားမျှတမှုနှင့် မှန်ကန်မှုကို ကာကွယ်ပေးရန်အတွက် "SCO လုပ်ဆောင်မှု"ကို ပြုလုပ်ရမည်ဖြစ်ကြောင်း အဆိုတင်သွင်းခဲ့ရုံသာမက၊ SCO ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အားပေးထောက်ခံရန်အတွက် တရုတ်နိုင်ငံမှ လက်တွေ့ကျသော အစီအမံများကို ကြေညာခဲ့ပါသည်။ယင်းသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား ဦးဆောင်မှု ကဏ္ဍမှ ပါဝင်ရန်အတွက် အထောက်အကူပြုမည်ဟုသိရပါသည်။