မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအဆင်ပြေစေရေး ယွမ်နှင့်ကျပ် တိုက်ရိုက် ရင်းနှီးမြှုပ်နှံနိုင်ရေး မကြာခင် အဖြေပေါ်မည်

CGTN, September 11, 2025
Size:

တရုတ်နိုင်ငံက ကြီးမှူးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင် ဦးရွက် ပြုမှု အစီအစဉ် (Global Development Initiatives-GDI)တွင် ပါဝင် သည့် ဦးစားပေးနယ်ပယ် ၈ ခုတွင် မြန်မာ နိုင်ငံနှင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့်  မြန်မာနိုင်ငံသည်  စီးပွားရေး လုပ်ငန်း ရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ် ပါသည်။        ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး အတွက် လည်း ကြိုးပမ်း ဆောင် ရွက် ပေးနေသည့်အပြင်   မြန်မာ-တရုတ် နှစ် နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်း၍ လုပ်ငန်းများ မြန် ဆန်စွာ ဖွံ့ဖြိုး တိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  တရုတ် စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအဆင်ပြေစေရေး ယွမ်နှင့် တိုက်ရိုက် ရင်းနှီး မြှုပ်နှံနိုင်ရေး စဉ်းစားဆောင်ရွက်နေပြီး မကြာမီ အချိန်အတွင်း အဖြေပေးနိုင်လိမ့်မည်ဖြစ်ကြောင်း  စက်တင်ဘာလ ၆ရက်နေ့က တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ Shangri la ဟိုတယ်၌ ပြုလုပ်တဲ့   မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဒုတိယအကြိမ်  အစည်း အဝေးတွင်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ   မင်းအောင်လှိုင်က  ထည့် သွင်း ပြောကြားခဲ့ပါသည်။