ဒေသစံတော်ချိန် စက်တင်ဘာလ ၅ ရက်နေ့တွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ “ကုလသမဂ္ဂနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) ကြား ပူးပေါင်း ဆောင်ရွက်ရေး” ဆုံးဖြတ်ချက်ကို တခဲနက် ထောက်ခံ အတည်ပြုခဲ့သည်။ SCO အဖွဲ့ဝင်နိုင်ငံ အားလုံး အပါအဝင် နိုင်ငံပေါင်း ၄၀ နီးပါးသည် အဆိုပါဆုံးဖြတ်ချက်ကို ပူးတွဲကမကထ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် (SCO) အဖွဲ့၏ အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုကို အတည်ပြုခဲ့ပါသည်။ ၎င်းသည် ကုလသမဂ္ဂ ၏ လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးရာတွင် (SCO) ၏ ကြိုးပမ်း အားထုတ်မှုများကို အပြုသဘောဖြင့် အကဲဖြတ်ကာ ကုလသမဂ္ဂစနစ်နှင့် SCO တို့အကြား ခိုင်မာသော ညှိနှိုင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ပံ့ပိုးပေးခဲ့ပါသည်။