စက်တင်ဘာလ ၄ရက်နေ့ နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြည်သူ့ ခန်းမဆောင်ကြီး၌ ၂၀၂၅ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး နှင့် တရုတ် ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုသို့ တက်ရောက်ပြီး ခရီးလှည့်လည်ရန်အတွက် တရုတ်ပြည်ကို ရောက်ရှိနေသော လာအိုပြည်သူ့ တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ လာအိုနိုင်ငံ သမ္မတ Thongloun နှင့် တွေ့ဆုံခဲ့ပါသည်။