ဒေသစံတော်ချိန် စက်တင်ဘာလ ၃ရက်နေ့က ထိုင်းနိုင်ငံ အောက်လွှတ်တော်က ယခုလ ၅ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးတွင် ဆွေးနွေးရန် အစီအစဉ်တစ်ခု ထပ်တိုးမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သတ်မှတ်ချက်အရ ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်မည်ဟု အောက်လွှတ်တော် အမတ်အားလုံးအား အကြောင်းကြားချက် ထုတ်ပြန်ခဲ့ပါသည်။
ဩဂုတ်လ ၂၉ရက်နေ့က ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်ဆိုင်းခံခဲ့ရသော ပေထုံတန်သည် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟုန်စိန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုတွင် သက်ဆိုင်ရာ လုပ်ရပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့သောကြောင့် ဝန်ကြီးချုပ်ရာထူးမှ ရုပ်သိမ်းကြောင်း စီရင်ဆုံးဖြတ်ခဲ့ ပါသည်။