တရုတ်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် လာအိုအမျိုးသမီးမွမ်းမံသင်တန်းကျောင်းတို့ ပူးပေါင်းတည်ဆောက်သည့် "ပါရမီရှင်မိခင်ချစ်ကြည်ရေးအလုပ်ရုံ”ကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ဩဂုတ် ၁၉ ရက်မှ ၂၂ ရက်အထိ တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ တရုတ်-လာအိုနှစ်နိုင်ငံ၏ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်လက်ရာများကို စုစည်းပြသရန် စံချိန်စံညွှန်းနှင့် ကိုက်ညီသော အလုပ်ခွင်များ တည်ဆောက်ထားသည်။ ယင်းနေရာများတွင် အမျိုးသမီးများ နည်းပညာစွမ်းရည်သင်တန်း၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ထုတ်ကုန်အရောင်းပြပွဲများ စသော လှုပ်ရှားမှုများကို လုပ်ဆောင်ပြီး နှစ်နိုင်ငံအမျိုးသမီးများအကြား ပုံမှန်အပြန်အလှန်သင်ယူလေ့လာရန် ပလက်ဖောင်း တည်ဆောက်ခဲ့သည်။
တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ်သည် အမျိုးသမီးများ၏ နိုင်ငံတကာ ကူးလူးဖလှယ်မှုများကို အထူးအလေးထားပြီး "ရပ်ဝန်းနှင့် ပိုးလမ်းမ"တစ်လျှောက်နိုင်ငံများတွင် "သေးငယ်သော်လည်း သာယာလှပ”သော ပြည်သူ့ဘဝစားဝတ်နေရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် တက်ကြွစွာ တွန်းအားပေးပါသည်။ တရုတ်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ “ပါရမီရှင်မိခင်”စီမံကိန်းသည် ၆ နှစ်ကြာ လက်တွေ့ဆောင်ရွက်ပြီး စွမ်းရည် မြှင့်တင်ရေးသင်တန်း+ဖလှယ်ခြင်းနှင့် ပြသခြင်း+အော်ဒါအမှာစာပံ့ပိုးခြင်းမှတစ်ဆင့် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဆက်ခံသူများ၏ ကျေးလက်ဒေသအမျိုးသမီးများ ဝင်ငွေတိုးတက်ရေးနှင့် အလုပ်အကိုင်ဖန်တီးနိုင်ရန် ဦးဆောင်ရေးကို ကူညီပေးသည်။