လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ လူငယ်များ ယွိစုတွင် စုံစည်း၍ အနာဂတ်အရေး အတူဆွေးနွေး

lmcchina.org, September 5, 2025
Size:

၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် နိုင်ငံတကာဗွီဒီယို၊ ဓာတ်ပုံရက်သတ္တပတ်လှုပ်ရှားမှုများကို “တစ်မြစ်တည်းရေ၊ တူစုံသောက်သုံးသည့် လန်းချန်-မဲခေါင်၏ထွန်းလင်းတောက်ပမှုများ” ဟူသောခေါင်းစဥ်ဖြင့် ‌သြဂုတ် ၂၀ ရက်က တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ယွိစု ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ နောင်ချန်းခရိုင်တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါရက်သတ္တပတ်အတွင်း လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ်ကိုယ်စားလှယ် ၆ ‌ယောက်သည် “Generation Z”ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

၎င်းတို့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်တွင် ခြောက်နိုင်ငံမှ လူငယ်များ ရင်ဆိုင်ရမည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် အပြုသဘောဆောင်သောစွမ်းဆောင်မှုကို မည်သို့ပြုလုပ်ပုံနှင့် AI က လန်ချန်း-မဲခေါင် ပူးပေါင်း‌ဆောင်ရွက်မှုကို မည်သို့အထောက်အကူပြုနိုင်ပုံ စသည့်ခေါင်းစဥ်များကို ဆွေးနွေးခဲ့ကြသည်။

၂၀၂၅ ခုနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ၁၀ နှစ်မြောက်နှစ်သို့ ရောက်ရှိပြီး အဆိုပါကာလအတွင်း မြစ်ဝှမ်းခြောက်နိုင်ငံသည် လူငယ်လူရည်ချွန် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်ရေးကို အဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ရလဒ်များစွာရရှိခဲ့ကြောင်း သိရှိရသည်။