ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီတွင် တရုတ်ပြည်သူများ၏ ဂျပန် ခုခံ တော် လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်း အမှတ် အခမ်းအနားကို တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းအန်းမင် ရင်ပြင်ကြီး၌ ကျင်းပခဲ့ပြီး ဗိုလ်ရှုခံ အခမ်းအနားကို ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဌ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်း ပြောကြား ပြီး ဂုဏ်ပြုတပ်ဖွဲ့များကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ယခုအကြိမ် လှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ “သမိုင်းကြောင်းကို အတူ အမှတ်အသားပြုခြင်း၊ အာဇာနည်များကို လွမ်းဆွတ် သတိရအောက်မေ့ခြင်း ငြိမ်းချမ်းရေးကိုရှေ့ရှုခြင်း၊ အနာဂတ်ကို အတူ ဖန်တီးသွားကြခြင်း” ဖြစ်သည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြည်ပ နိုင်ငံများမှ ထိပ်သီး ခေါင်းဆောင် များနှင့် အစိုးရခေါင်းဆောင် ၂၆ ဦးတို့ အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက် ကြသည်။ တရုတ် အစိုးရ၏ ဖိတ်ကြားချက်အရ အချို့နိုင်ငံများမှ လွှတ်တော် ဥက္ကဋ္ဌ များ၊ ဒုတိယ ဝန်ကြီးချုပ်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့ အစည်းများမှ တာဝန်ခံ များနှင့် နိုင်ငံရေး ခေါင်းဆောင်ဟောင်းများ လည်း အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်ကြ သည်။
ထို့အပြင် တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါတို့ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ မိတ်ဆွေများ သို့မဟုတ် ၎င်းတို့၏ ကျန်ရစ်သူမိသားစု ၅၀ ဦးတို့သည်လည်း အခမ်းအနားသို့ တက်ရောက်ကြပါသည်။