စက်တင်ဘာလ ၂ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင်သည် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုတွင် ပါဝင်ရန် အမြန်ရထားဖြင့် ပေကျင်းမြို့သို့ ရောက်ရှိခဲ့ပါသည်။
မကြာခင်က ယာယီသမ္မတ မင်းအောင်လှိုင် သည် ဖိတ်ကြားချက်အရ ထျန်းကျင်းမြို့တွင် ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခဲ့ပါသည်။
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိသည့် အိမ်နီးချင်းကောင်းဖြစ်ပါသည်။ ယခုနှစ်သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထားရှိခြင်း ၇၅ နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ယခုနှစ်များတွင် နှစ်နိုင်ငံတို့သည် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် နက်ရှိုင်းလာခဲ့ပြီး တရုတ်နိုင်ငံသည်မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ် နှစ်ပေါင်း များစွာတွင် ဆက်လက်တည်ရှိနေခြင်း ဖြစ်ပါသည်။