တရုတ်-အာဆီယံ ခရီးသွားလာရေး လုံခြုံရေးဖိုရမ်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ

CGTN, September 2, 2025
Size:

တရုတ်-အာဆီယံ ခရီးသွားလာရေး လုံခြုံရေးဖိုရမ်ကို ဩဂုတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ယခုအကြိမ်ဖိုရမ်တွင် လုံခြုံရေး အကာအကွယ် ခိုင်မာ စေခြင်း၊ ဒေသတွင်း ခရီးသွားလာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်းနှင့် လက်တွေ့ ကျသော ဖြေရှင်းနည်းများကို ရှာဖွေခြင်း၊ ယန္တရားအခြေပြု ပူးပေါင်း ဆောင်ရွက် မှုကို ထူထောင်ခြင်း စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ဖိုရမ် အတွင်း တက် ရောက် လာသည့် နိုင်ငံအသီးသီးက ဒေသတွင်းလုံခြုံရေးစိန်ခေါ်မှုများ နှင့်  တုံ့ပြန်ရေး၊ မူဝါဒ ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများနှင့် နိုင်ငံအလိုက် လက်တွေ့ ကျင့်သုံးမှု၊ ခရီးသွားလာရေး ရဲဝန်ထမ်းများ လေ့ကျင့်ပေးမှု၊ နည်းပညာအသစ်များကို အသုံးပြု၍ လုံခြုံသော ခရီးသွားလာ ရေး ဂေဟ စနစ်နှင့် စီမံခန့်ခွဲမှု ပုံစံကို ထူထောင်ခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေး ဖလှယ်ခဲ့ကြပြီး တရုတ်-အာဆီယံစင်တာမှ တင်ပြထားသည့် ခရီးသွားလုပ်ငန်း လုံခြုံမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဆိုတင်သွင်းချက်ကို အတည်ပြုခဲ့ကြသည်။