ယခုလ ၂၃ ရက်နေ့ ညနေ ၄ နာရီက အသီးအရွက်လတ်လတ်ဆတ်ဆတ် ၃၉၇ တန် ကို တင်ဆောင်ထားသော နိုင်ငံတကာ ကုန်တင်ရထားတစ်စီးသည် ယူနန်ပြည်နယ် Yuxi မြို. ရှိ Yanhe ဘူတာမှ ထွက်ခွာသွားပြီး၊ ယင်းကုန်စည်များကို တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ပို့ဆောင်ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ကုန်းလမ်းဖြင့် ပို့ဆောင် မည်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် လာအိုနိုင်ငံမှ တင်သွင်းလာ သော ကုန်ပစ္စည်း ၃၁၆ တန် တင်ဆောင်ထားသည့် ရထား တစ်စီးသည် Yanhe ဘူတာသို့ ဝင်ရောက်ပြီး၊ တရုတ်-လာအို ရထားလမ်း နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထား (Yuxi-Vientiane) သည် လမ်းကြောင်း နှစ်ဘက်သွား လည်ပတ်မှုကို အကောင်အထည်ဖော် နေပြီဖြစ်ပါသည်။