သြဂုတ်လ ၂၀ ရက်နေ့တွင် “မြစ်တစ်သွယ်မှရေ - လန်ချန်း-မဲခေါင်အလင်းရောင်နှင့် ပုံရိပ်” ဟူသောခေါင်းစဉ်ဖြင့် ကျင်းပသော ၂၀၂၅ လန်ချန်း-မဲခေါင် နိုင်ငံတကာ ဓာတ်ပုံနှင့် ဗီဒီယို ရက်သတ္တပတ်သည် ချင်းဟိုင်ပြည်နယ် ယွိရှု တိဘက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲတွင် ကျင်းပခဲ့သည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသည် ၁၀ နှစ်ပြည့်၍ များပြားလှသောအောင်မြင်မှု ရရှိခဲ့ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ပလက်ဖောင်း” ဖြစ်လာသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် လန်မဲပူးပေါင်းဆောင်ရွက်ရေး စတုတ္ထအကြိမ်အစည်းအဝေးတွင် ထုတ်ပြန်သော နေပြည်တော်ကြေညာချက်တွင် “လန်ချန်း-မဲခေါင် နိုင်ငံတကာ ဓာတ်ပုံနှင့် ဗီဒီယို ရက်သတ္တပတ်” လှုပ်ရှားမှုကို ထည့်သွင်းဖော်ပြထားသည်။
ဤတစ်ကြိမ်လှုပ်ရှားမှုသည် ၅ ရက်ကြာပြီး လန်မဲဒေသမှ ၆ နိုင်ငံက သံတမန်များ၊ မီဒီယာဝန်ထမ်းများ၊ ဓာတ်ပုံရိုက်ဆရာများ၊ ကျောင်းသူကျောင်းသားများ၊ Blogger များ စုစုပေါင်း လူတစ်ရာကျော်သည် မြစ်ဖျားခံဒေသကို ရှာဖွေသောခရီးစဉ်တွင် ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးပြသခြင်း၊ Generation Z ဖလှယ်ဆွေးနွေးခြင်း၊ Starlight Concert စသောလှုပ်ရှားမှုများကို ကျင်းပခဲ့ကြသည်။