တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် ဗီယက်နမ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ကျန်ကွမ်ဖွန်တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုပုဂ္ဂိုလ် ကျောက်လဲ့ကျိသည် ဗီယက်နမ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ကျန်ကွမ်ဖွန် (Tran Quang Phuong) အား ပေကျင်းမြို့တွင် ဩဂုတ် ၂၀ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကျောက်က တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်ရေး၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရေး၊ မိမိတို့နှစ်နိုင်ငံ၏ သက်ဆိုင်ရာ ခေတ်မီအသွင်ပြောင်းမှုကို ရှေ့ဆက်ဖော်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မဟာဗျူဟာမြောက် အရေးပါမှုရှိသော တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်မှုအား အရှိန်အဟုန်မြှင့်တင်ရေးအတွက် ဗီယက်နမ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
NPC အနေဖြင့် ဗီယက်နမ် အမျိုးသားလွှတ်တော်နှင့် ကူးလူးဆက်ဆံမှုများ တိုးမြှင့်ရန်၊ တရားဥပဒေစိုးမိုးမှုရှိသော ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်ရာတွင် အပြန်အလှန် လေ့လာသင်ယူရန်နှင့် နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုအတွက် တရားဝင် အာမခံချက်များပေးရန် ဆန္ဒရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကျန်ကွမ်ဖွန်ကလည်း ဗီယက်နမ် အမျိုးသားလွှတ်တော်အနေဖြင့် နှစ်နိုင်ငံနှင့် ပါတီနှစ်ရပ်၏ ခေါင်းဆောင်များအကြား ရရှိထားသည့် အရေးပါသော သဘောတူညီချက်များနှင့်အညီ ဥပဒေပြုရေးနှင့် စီမံကြီးကြပ်ရေးတို့တွင် ကူးလူးဖလှယ်မှုများနှင့် အပြန်အလှန် လေ့လာသင်ယူမှုများကို တိုးမြှင့်ကာ နှစ်နိုင်ငံစလုံး၏ ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုရာတွင် ဥပဒေကြောင်းအရ အကျိုးဆောင်ရန်အတွက် NPC နှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် ဗီယက်နမ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ကျန်ကွမ်ဖွန်တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)