သြဂုတ်လ ၂၀ ရက်နေ့ မှာတော့ ဝမ့်နင်မြို့ကို ၂၀၂၅ ခုနှစ် “China Walk ဟိုင်နန်ခရီးစဉ်” ပြည်တွင်းပြည်ပမီဒီယာများ ပူးတွဲသတင်းယူခြင်းအစီအစဉ်ဖြင့် ဝင်ရောက်လာခဲ့ပါတယ်။
အာဆီယံနိုင်ငံ ၉ နိုင်ငံ၊ မီဒီယာအဖွဲ့အစည်း ၁၆ ခုက မီဒီယာမိတ်ဆွေ ၂၉ ဦးတို့ဟာ M1 ကော်ဖီဥယျာဉ်၊ Fenghuang Jiuli စာကြည့်တိုက်၊ JNK ရှင်းလုံကော်ဖီပြတိုက်၊ ဘာလီကျေးရွာ အစရှိတဲ့ နေရာများကို သွားရောက်ခဲ့ပြီး ဒေသတွင်း တစ်မူထူးခြားတဲ့ ကော်ဖီယဉ်ကျေးမှု၊ စာပေဆွဲဆောင်မှု၊ ပြည်ပရောက်တရုတ်လူမျိုးဇာတိရဲ့ ရိုးရာဓလေ့များကို အတွင်းကျကျ သွားရောက်လေ့လာခဲ့ကြပါတယ်။