ဩဂုတ်လ ၁၉ရက်နေ့ နံနက် ၉နာရီက တရုတ်ဘက်မှ နံပါတ်-၅၃၁၀၁ သင်္ဘော၊ နံပါတ်-၅၃၁၀၈ သင်္ဘောနှင့် နံပါတ်-၅၃၁၀၉ သင်္ဘောများသည် တရုတ်နိုင်ငံ ရှစ်ဆောင်ပဏ္ဏားဒေသ ကျင်ဟာ-ရဲတပ်ဖွဲ့ဆိပ်ကမ်းမှ ထွက်ခွာပြီး စီစဉ်ထားသည့်အတိုင်း မဲခေါင်မြစ်ရှိ သတ်မှတ်ထားသော ရေနယ်နိမိတ်အတွင်းသို့ သွားရောက်ကာ လာအို-မြန်မာ-ထိုင်း ၃နိုင်ငံတို့မှ သက်ဆိုင်ရာ ဥပဒေစိုးမိုးရေးဌာနများနှင့်အတူ ၁၅၆ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်ရေးတာဝန်ကို အဓိကထားသည့် ဥပဒေစိုးမိုးရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြပါသည်။ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄ နိုင်ငံတို့မှ စုစုပေါင်း ဥပဒေစိုးမိုးရေးသင်္ဘော ၇ စီးနှင့် ဥပဒေစိုးမိုးရေးအသင်း ဝန်ထမ်း ၁၀၀ ကျော် တို့ ပါဝင်ခဲ့ကြသည်ဟု သတင်းအရသိရပါသည်။