မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးတွင် လန်ချန်း-မဲခေါင် ဆိုလာလျှပ်စစ်ဓာတ်အားပေးရေးစီမံကိန်း ပြီးမြောက်အောင်မြင်

Xinhua, August 26, 2025
Size:

မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ပံ့ပိုးမှုဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားသို့ တက်ရောက်လာသူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ပံ့ပိုးမှုဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင် ဩဂုတ် ၁၀ ရက်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး မာကျား၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရတာဝန်ရှိသူများနှင့် ကျေးရွာကိုယ်စားလှယ် ၃၀၀ ဦး နီးပါး တက်ရောက်ခဲ့ကြသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် စတင်အကောင်အထည်ဖော်ချိန်မှစ၍ တဖြည်းဖြည်း အားကောင်းမောင်းသန်လာခဲ့ပြီး ဒေသတွင်းရှိ အထိရောက်ဆုံးနှင့်အရှိန်အဟုန်အပြည့်ဆုံး ပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သံအမတ်ကြီး မာကျားက အဆိုပါ အခမ်းအနား၌ အမှာစကားပြောကြားခဲ့သည်။
ကံဆိပ်ကျေးရွာ၏ “သေးငယ်သော်လည်းကောင်းမွန်သည့်” ဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြစ်သည့် ပြည်သူ့အကျိုးပြု စီမံကိန်းသည် ပြည်သူတို့၏ အရေးကြီးဆုံးလိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း သံအမတ်ကြီး မာက ထည့်သွင်းပြောကြားခဲ့သည်။
ယင်းမှာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ “ပြည်သူ့အကျိုးကိုအခြေခံသည့်” သဘောတရားကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြနေခြင်းလည်းဖြစ်ကြောင်း သံအမတ်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ထောက်ပံ့မှုအတွက် အထူးကျေးဇူးတင်ပါကြောင်း၊ ဤစီမံကိန်းသည် တောင်သူလယ်သမား ၇၅၀ ဦးအား လျှပ်စစ်မီးနှင့် ရေရရှိရေးကို ဖြေရှင်းပေးနိုင်ခဲ့ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာကိုယ်စားလှယ်တစ်ဦးက “လျှပ်စစ်မီးနဲ့ သန့်ရှင်းတဲ့ရေကို သုံးစွဲနိုင်မယ်လို့ အိပ်မက်ထဲမှာတောင်မမက်ဖူးပါဘူး။ တရုတ်အစိုးရရဲ့ အကူအညီကို စိတ်ထဲကနေ အမှန်တကယ် ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ပံ့ပိုးမှုဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားသို့ တက်ရောက်လာသူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)