တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းစေရေးအား တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

Xinhua, August 25, 2025
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံသို့ လာရောက်၍ (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်သည့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးသန်းဆွေတို့ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဩဂုတ် ၁၄ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အန်းနင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ယင်းကိုအခွင့်အရေးအဖြစ်အသုံးပြုကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းစေရေးနှင့် ကိုယ်စီ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအား အကျိုးဆောင်ပေးရမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိမိနိုင်ငံ အခြေအနေနှင့်ကိုက်ညီ၍ ပြည်သူများ ထောက်ခံအားပေးမှုရရှိသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်းကို ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံ၏ မိမိနိုင်ငံအချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးအား ကာကွယ်ထိန်းသိမ်းခြင်းကို ထောက်ခံအားပေးကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ တရုတ်ဝန်ထမ်းပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် စီမံကိန်း ဘေးကင်းလုံခြုံမှုအား လက်တွေ့အာမခံပေးရန်၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများအား တစ်ဆင့်တိုး တိုက်ဖျက်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်းရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၌ (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့် ဦးသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအား ခိုင်မာစွာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီးသုံးရပ်အား ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝကပ်ဘေးအလွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အဖိုးတန်သည့် ပံ့ပိုးမှုနှင့် ကူညီမှုများ ပေးအပ်ခြင်းကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံသို့ လာရောက်၍ (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်သည့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးသန်းဆွေတို့ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)