၂၀၂၅ ခုနှစ် ပထမအကြိမ်မြောက် တရုတ်-အာဆီယံ ဆေးဖက်ဝင် အစားအစာ ကုန်စည် ပြပွဲ၏ သတင်းစာရှင်းလင်းပွဲကို ပေကျင်းမြို့တွင် ကျင်းပ

CGTN, August 22, 2025
Size:


၂၀၂၅ ခုနှစ် ပထမအကြိမ်မြောက် တရုတ်-အာဆီယံ ဆေးဖက်ဝင် အစားအစာ ကုန်စည်ပြပွဲ၏ သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၁၂ ရက်နေ့က ပေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ “တရုတ်တိုင်းရင်းဆေး၏ အနှစ်သာရကို အမွေးဆက်ခံပြီး ဆေးဖက်ဝင် အစားအစာ ယဉ်ကျေးမှုကို မြှင့်တင်ခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ယခုအကြိမ် ကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ကုန်စည်ပြပွဲတွင် ဆေးဖက်ဝင် အစားအစာနယ်ပယ် ကုန်ထုတ်လုပ်မှုကွင်းဆက်ကို အာရုံစိုက်ပြီး ပြည်တွင်းပြည်ပ တရုတ်တိုင်းရင်းဆေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ကူးလူးဖလှယ်ရေး ပလက်ဖောင်းများကို တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ကုန်စည်ပြပွဲ ကျင်းပစဉ်အတောအတွင်း သက်ဆိုင်ရာတွဲဖက်လှုပ်ရှားမှုများကိုလည်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး တရုတ်တိုင်းရင်းဆေးလုပ်ငန်း၏ ထူးခြားချက်ပါရှိသော ဖွံ့ဖြိုးတိုးတက်ရေးပုံစံနှင့် အသစ်ဖွံ့ဖြိုးတိုးတက်ရေးအနေအထားကို ပြသထားမည် ဖြစ်ကာ တရုတ်တိုင်းရင်းဆေး လုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။