တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြား ရေးဝန်ကြီးဝမ်ယိသည် သြဂုတ်လ ၁၄ ရက်နေ့က ယူနန်ပြည်နယ် အန်းနင်မြို့တွင် ၁၀ ကြိမ်မြောက် Lancang-Mekong ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်နေသော လာအိုနိုင်ငံခြားရေးဝန်ကြီး စွန်ဆာဗာနှင့် တွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ဝမ်ယိက တရုတ်နှင့် လာအိုနိုင်ငံတို့သည် ရဲဘော်ရဲဘက် ညီအကိုများ ဖြစ်ကြကာ အဓိကအကျဆုံးသောအကျိုးစီးပွားရေးရာ ကိစ္စရပ်များတွင် အမြဲတစေ အပြန်အလှန်ထောက်ခံကြပြီး၊ နှစ်နိုင်ငံတို့၏ အေးအတူ ပူအမျှ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးသည် ခေတ်ကာလရှေ့တန်း၌ တည်ရှိကြကြောင်း ပြောကြားခဲ့ပါသည်။
စွန်ဆာဗာက လာအို-တရုတ် ချစ်ကြည်ရေးသည် ရှေးပဝေသဏီမှစ၍ တည်ရှိလာခဲ့ပြီး နှစ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေကောင်းများဖြစ်ကြကြောင်း၊ လာအိုပါတီ နှင့် အစိုးရတို့ အနေနှင့် တရုတ်နိုင်ငံနှင့် ဆက်ဆံမှု ဖွံ့ဖြိုးရေးကို အလွန်အလေးထား ကြောင်း၊ မဟာဗျူဟာ ဆက်သွယ်ရေး အားဖြည့်ပြုလုပ်ရန်၊ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်နှင့် အေးအတူပူအမျှ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးကို လက်တွေ့ကျကျ နက်ရှိုင်းစေရန် တွန်းအားပေးဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။