၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် အန်းနင်မြို့တွင် ကျင်းပခဲ့သည်။ အစည်းအဝေးအပြီးတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆတ်ငီယမ်ဖုန်တို့က ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။
ဝမ်ရိက ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မကြာသေးမီကပင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ ၁၀ နှစ်တာကာလတစ်လျှောက်တွင် ခြောက်နိုင်ငံသည် “တစ်ဦးနှင့် တစ်ဦး တန်းတူညီတူ ဆက်ဆံခြင်း၊ စိတ်ရင်းစေတနာမှန်ဖြင့် အပြန်အလှန် ကူညီဖေးမခြင်း၊ မိသားစုသဖွယ် ချစ်ကြည်ရင်းနှီးခြင်း” ဟူသော လန်ချန်း-မဲခေါင် ယဥ်ကျေးမှုကို မြှင့်တင်ပေးခဲ့ကြောင်း၊ “ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးခြင်း၊ တန်းတူညီမျှ တိုင်ပင်ဆွေးနွေးခြင်း၊ လက်တွေ့ထိရောက်မှု မြင့်မားစွာ ဆောင်ရွက်ခြင်း၊ ပွင့်လင်း၍ အားလုံးပါဝင်ခြင်း” ဟူသော လန်ချန်း-မဲခေါင် စိတ်ဓာတ်ကို လက်ကိုင်ထားလျက် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရာ နေ့စဥ်တိုးတက်မှု၊ လစဥ်အောင်မြင်မှုရလဒ်များနှင့် နှစ်စဥ်အဆင့်မြှင့်တက်လှမ်းမှု ရရှိခြင်း ဟူသော လန်ချန်း-မဲခေါင်၏အရှိန်အဟုန်ကို ဖန်တီးခဲ့ကြောင်း ပြောကြားသည်။
၁၀ နှစ်တာကာလတစ်လျှောက်တွင် တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံအကြားရှိ မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းပြီး နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အပြည့်အဝ လွှမ်းခြုံမှုကို ဖော်ဆောင်နိုင်ခဲ့သလို လန်ချန်း-မဲခေါင် မြစ်ဝှမ်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရပ်ဝန်း တည်ဆောက်ရေး ချောမွေ့စွာ စတင်လျှောက်လှမ်းခဲ့သည်။ လန်ချန်း-မဲခေါင် ပြည်သူချင်း ပိုမိုရင်းနှီးနားလည်လာခဲ့ကြသည်။
သဘာဝ၏ အေးအတူ ပူအမျှ အသိုက်အဝန်း ဖြစ် လန်ချန်း-မဲခေါင်ခြောက်နိုင်ငံများအနေဖြင့် ၁၀ နှစ်ကြာ ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံသည် အလွန် တန်ဖိုးရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ နိုင်ငံတကာနှင့် ဒေသတွင်း စိန်ခေါ်မှုအထပ်ထပ်ကို ရင်ဆိုင်ရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၏အဓိကသော့ချက်မှာ အချက် ၄ ချက်ကို ခိုင်မြဲစွာ လက်ကိုင်ထားခြင်းကြောင့်ပင် ဖြစ်ကြောင်း၊ ပထမအနေဖြင့် အိမ်နီးချင်း ခင်မင်ရင်းနှီးမှုနှင့် ကောင်းတူဆိုးဘက် အတူယှဉ်တွဲနေထိုင်ခြင်း၊ ဒုတိယအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး လက်တွေ့ထိရောက်အောင် ပူးပေါင်းဆောင်ရွက်ခြင်း၊ တတိယအနေဖြင့် ပြည်သူ့အကျိုး ဖြစ်ထွန်းမှုနှင့် တံခါးဖွင့်လှစ်၍ အားလုံးပါဝင်မှုကို လက်ခံခြင်း၊ စတုတ္ထအနေဖြင့် ဆန်းသစ်တီထွင်မှု တွန်းအားနှင့် ရှေ့ပြေးစမ်းသပ်မှုလုပ်ဆောင်ခြင်းတို့ကို အခိုင်အမာ လက်ကိုင်ထားခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဝမ်ရိက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ လာမည့်ဆယ်စုနှစ်အတွက် အနာဂတ်အလားအလာ ကောင်းမွန်ကြောင်း၊ ဘက်ပေါင်းစုံအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဇွဲမလျှော့ဘဲ ကြိုးပမ်းအားထုတ်ကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ်ကို ရေးဆွဲကြရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းမှု၊ ငြိမ်းချမ်းသာယာမှု၊ သာယာဝပြောမှု၊ သာယာလှပမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ ပေါင်းစပ် ဟူသော "မိသားစုဥယျာဉ် ၅ ခု"ကို အတူတကွတည်ဆောက်ကာ အိမ်နီးနားချင်း အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပိုမိုကြီးမားသောအကျိုးကို ဆောင်ကြဉ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။